
0
502




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား စစ်ဘက်သုံးလေယာဉ်တွေ နိုင်ငံရေးပြဿနာ ဖြစ်နေတဲ့ ဗင်နီဇွဲလားကို လာရောက်

ဗင်နီဇွဲလား ပြည်တွင်းနိုင်ငံရေး ပြဿနာတွေ ရှိနေချိန်မှာပဲ ရုရှား စစ်ဘက်သုံး လေယာဉ် နှစ်စင်းဟာ   ကရာကတ်စ်မြို့ လေဆိပ်ကို မနေ့က ဆင်းသက်ခဲ့ပြီး ရုရှား စစ်သည် ၁၀ဝ နီးပါးကို စစ်လက်နက် အပြည့်အစုံနဲ့ ခေါ်ယူလာပါတယ်။

ရုရှား စစ်လေယာဉ်တွေ ဗင်နီဇွဲလားနိုင်ငံအတွင်း ဆင်းသက်ခဲ့မှုအပေါ် အမေရိကန်က ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ရုရှား စစ်လေယာဉ်တွေပေါ်မှာ ဗင်နီဇွဲလားနိုင်ငံအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်လာခဲ့ပါတယ်။

ဗင်နီဇွဲလား နိုင်ငံရေးတင်းမာမှုတွေ ရှိနေချိန်မှာ ရုရှားနိုင်ငံဟာ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ထောက်ခံထားပါတယ်။ အမေရိကန်က ဗင်နီဇွဲလား အတိုက်ခံ ခေါင်းဆောင်ကို ထောက်ခံထားပြီး  ဗင်နီဇွဲလားသမ္မတ မာဒူရိုက အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံကို လုပ်ကြံဖို့ ကြံစည်နေတယ်လို့ စွပ်စွဲထားပါတယ်။

?bph6