စြပ္စြဲခ်က္ေတြကို ျငင္းဆန္လုိက္တဲ့ အဆုိေတာ္ ဆြန္ဂရီ

0
135

ႏုိက္ကလပ္မွာ ေဖ်ာ္ေျဖေပးဖုိ႔ လိင္အလုပ္သမေတြ ေခၚယူေပးခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြက မွန္ကန္မႈ မရွိဘူးလုိ႔ BigBang အဖြဲ႔ဝင္ ဆြန္ဂရီက ျငင္းဆန္လုိက္ပါတယ္။

ဆြန္ဂရီဟာ သူတည္ေထာင္ထားတဲ့ ႏုိက္ကလပ္အတြက္ ဧည့္သည္ေတြကို ေဖ်ာ္ေျဖဖုိ႔ လိင္ပိုင္းဆုိင္ရာ အမ်ိဳးသမီးေတြ ေခၚယူမႈအျပင္ ေလာင္းကစား လုပ္တာေတြ ရွိခဲ့တယ္လို႔ စြပ္စြဲမႈေတြ ရွိေနပါတယ္။ လက္ရွိ ထြက္ေပၚေနတဲ့ စြပ္စြဲခ်က္ေတြက မွန္ကန္မႈမရွိဘဲ အမ်ားျပည္သူရဲ႕ ထင္ျမင္ခ်က္ေတြကို ထင္ေယာင္ထင္မွား ျဖစ္ေစခဲ့တယ္လို႔ ဆြန္ဂရီက ေျပာပါတယ္။

ဆြန္ဂရီဟာ လက္ရွိမွာ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လုိ႔ ရဲေတြရဲ႕ စံုစမ္းစစ္ေဆးမႈေတြ ရင္ဆုိင္ေနရပါတယ္။ စြပ္စြဲမႈေတြနဲ႔ ပတ္သက္လုိ႔ ခုိင္လံုတဲ့ သက္ေသရွိဖုိ႔ အေရးႀကီးတယ္လို႔လည္း ဆြန္ဂရီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်တဲ့ အဆိုတော် ဆွန်ဂရီ

နိုက်ကလပ်မှာ ဖျော်ဖြေပေးဖို့ လိင်အလုပ်သမတွေ ခေါ်ယူပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှန်ကန်မှု မရှိဘူးလို့ BigBang အဖွဲ့ဝင် ဆွန်ဂရီက ငြင်းဆန်လိုက်ပါတယ်။

ဆွန်ဂရီဟာ သူတည်ထောင်ထားတဲ့ နိုက်ကလပ်အတွက် ဧည့်သည်တွေကို ဖျော်ဖြေဖို့ လိင်ပိုင်းဆိုင်ရာ အမျိုးသမီးတွေ ခေါ်ယူမှုအပြင် လောင်းကစား လုပ်တာတွေ ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေက မှန်ကန်မှုမရှိဘဲ အများပြည်သူရဲ့ ထင်မြင်ချက်တွေကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်လို့ ဆွန်ဂရီက ပြောပါတယ်။

ဆွန်ဂရီဟာ လက်ရှိမှာ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရင်ဆိုင်နေရပါတယ်။ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေရှိဖို့ အရေးကြီးတယ်လို့လည်း ဆွန်ဂရီက ပြောပါတယ်။

?bph6