
0
253





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇီဒန်းက ရီးရဲမက်ဒရစ် နည်းပြရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း မော်ရင်ဟို ပြော

နည်းပြ ဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းနည်းပြ ရာထူးနဲ့ သင့်တော်သူဖြစ်တယ်လို့ ရီးရဲမက်ဒရစ် နည်းပြဟောင်း မော်ရင်ဟိုက ပြောပါတယ်။

ဇီဒန်းဟာ ပြီးခဲ့တဲ့နှစ်က ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ် ဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပေမယ့် အခုလ အစောပိုင်းမှာ ရီးရဲမက်ဒရစ် နည်းပြအဖြစ် ပြန်တာဝန်ယူခဲ့ပါတယ်။

နည်းပြ ဇီဒန်းဟာ ရီးရဲမက်ဒရစ် အသင်းနည်းပြတာဝန် ယူချိန်မှာ အသင်းကို ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ် ချန်ပီယံဆု သုံးနှစ်ဆက်တိုက် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း နည်းပြဟောင်း မော်ရင်ဟိုက ပြောပါတယ်။

ဇီဒန်းဟာ လက်ရှိမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်ရမှာဖြစ်ပြီး ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ရွေးချယ်ရမယ်လို့ ရီးရဲမက်ဒရစ် နည်းပြဟောင်း ဇီဒန်းက ပြောပါတယ်။

?bph6