ဘယ္လ္ဂ်ီယံအတြက္ ပြဲေပါင္း ၁၀၀ ျပည့္ ကစားတဲ့ တတိယေျမာက္ ကစားသမား ဟာဇက္

0
228

ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဟာဇက္ဟာ ဆိုက္ပရက္စ္အသင္းကို ၂ ဂိုးျပတ္နဲ႔ အႏုိင္ရတဲ့ပြဲမွာ ပါပင္ကစားခြင့္ ရတဲ့အတြက္ ဘယ္လ္ဂ်ီယံအသင္း သမုိင္းတစ္ေလွ်ာက္ ပြဲေပါင္း ၁၀၀ ျပည့္ ကစားႏုိင္တဲ့ တတိယေျမာက္ ကစားသမား ျဖစ္လာခဲ့ပါတယ္။  

ဟာဇက္ဟာ ဆုိက္ပရက္စ္ကို အႏုိင္ရတဲ့ပြဲမွာ ကုိယ္တုိင္ ၁ ဂိုးသြင္းယူခဲ့ပါတယ္။ လက္ရွိ အခ်ိန္မွာ ဘယ္လ္ဂ်ီယံ အသင္းအတြက္ စပါးေနာက္ခံလူ ဗာတြန္ဂန္က ပြဲေပါင္း ၁၁၂ ပြဲ ကစားကာ ပြဲအမ်ားဆံုး ကစားထားသူ ျဖစ္ေနပါတယ္။ ခ်ဲလ္ဆီး ကြင္းလယ္လူ ဟာဇက္ဟာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ေရႊေရာင္မ်ိဳးဆက္ကို ဦးေဆာင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ကမာ႔ၻဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံ အသင္းကို အႀကိဳဗိုလ္လုပြဲ တက္ေရာက္ေစဖုိ႔ ေျခစြမ္းျပႏုိင္ခဲ့သူ ျဖစ္ပါတယ္။

ဟာဇက္ဟာ အသက္ ၂၈ ႏွစ္အရြယ္နဲ႔ ပြဲရာျပည့္ ကစားႏုိင္ခဲ့သူျဖစ္ၿပီး သူရဲ႕ေျခစြမ္းက အံအားသင့္စရာ ျဖစ္ေစတယ္လို႔ ဘယ္လ္ဂ်ီယံ နည္းျပ မာတီနက္ဇ္က ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘယ်လ်ဂျီယံအတွက် ပွဲပေါင်း ၁၀ဝ ပြည့် ကစားတဲ့ တတိယမြောက် ကစားသမား ဟာဇက်

ဘယ်လ်ဂျီယံကွင်းလယ်လူ ဟာဇက်ဟာ ဆိုက်ပရက်စ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပါပင်ကစားခွင့် ရတဲ့အတွက် ဘယ်လ်ဂျီယံအသင်း သမိုင်းတစ်လျှောက် ပွဲပေါင်း ၁၀ဝ ပြည့် ကစားနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဟာဇက်ဟာ ဆိုက်ပရက်စ်ကို အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ၁ ဂိုးသွင်းယူခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ဘယ်လ်ဂျီယံ အသင်းအတွက် စပါးနောက်ခံလူ ဗာတွန်ဂန်က ပွဲပေါင်း ၁၁၂ ပွဲ ကစားကာ ပွဲအများဆုံး ကစားထားသူ ဖြစ်နေပါတယ်။ ချဲလ်ဆီး ကွင်းလယ်လူ ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက်ကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမာ့္ဘဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းကို အကြိုဗိုလ်လုပွဲ တက်ရောက်စေဖို့ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဟာဇက်ဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ပွဲရာပြည့် ကစားနိုင်ခဲ့သူဖြစ်ပြီး သူရဲ့ခြေစွမ်းက အံအားသင့်စရာ ဖြစ်စေတယ်လို့ ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်က ပြောပါတယ်။

?bph6