ရီးရဲမက္ဒရစ္ကို ေျပာင္းဖုိ႔ သေဘာတူညီတယ္ဆုိတဲ့ သတင္းေတြကို ကြင္းလယ္လူ ဟာဇက္ ျငင္းဆို

0
170

ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီမႈ ရရွိထားတယ္ဆုိတဲ့ သတင္းေတြက မွန္ကန္မႈ မရွိဘူးလုိ႔ ခ်ဲလ္ဆီးအသင္း အဓိက ကြင္းလယ္လူ ဟာဇက္က ပယ္ခ်လုိက္ပါတယ္။  

 

အသင္းက ထြက္သြားတဲ့ စီေရာ္နယ္ဒိုေနရာမွာ အစားထုိးႏုိင္ေရး ရီးရဲမက္ဒရစ္အသင္းဟာ ဟာဇက္ကို ေခၚယူဖုိ႔ လအတန္ၾကာ ခ်ိတ္ဆက္မႈေတြ ရွိေနခဲ့ပါတယ္။ ဟာဇက္ဟာ ရာသီကုန္ခ်ိန္မွာ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းဖုိ႔ ေသခ်ာေနၿပီး ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဖုိ႔ သေဘာတူညီထားေၾကာင္း၊ ရီးရဲမက္ဒရစ္ အသင္းနည္းျပသစ္ ဇီဒန္းကလည္း ဟာဇက္ကို ေခၚယူဖုိ႔  လုိလားေနေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ အသက္ ၂၈ ႏွစ္အရြယ္ရွိ ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဟာဇက္ကေတာ့  ရီးရဲမက္ဒရစ္ အသင္းနဲ႔ ဆက္သြယ္ ေဆြးေႏြးတာမ်ိဳး မရွိေၾကာင္း၊ လက္ရွိအခ်ိန္မွာ ကစားရမယ့္ ပြဲေတြကိုသ ာအာ႐ံုစိုက္ေနေၾကာင္း  ေျပာခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရီးရဲမက်ဒရစ်ကို ပြောင်းဖို့ သဘောတူညီတယ်ဆိုတဲ့ သတင်းတွေကို ကွင်းလယ်လူ ဟာဇက် ငြင်းဆို

ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု မရှိဘူးလို့ ချဲလ်ဆီးအသင်း အဓိက ကွင်းလယ်လူ ဟာဇက်က ပယ်ချလိုက်ပါတယ်။

အသင်းက ထွက်သွားတဲ့ စီရော်နယ်ဒိုနေရာမှာ အစားထိုးနိုင်ရေး ရီးရဲမက်ဒရစ်အသင်းဟာ ဟာဇက်ကို ခေါ်ယူဖို့ လအတန်ကြာ ချိတ်ဆက်မှုတွေ ရှိနေခဲ့ပါတယ်။ ဟာဇက်ဟာ ရာသီကုန်ချိန်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းဖို့ သေချာနေပြီး ငါးနှစ်စာချုပ်ချုပ်ဖို့ သဘောတူညီထားကြောင်း၊ ရီးရဲမက်ဒရစ် အသင်းနည်းပြသစ် ဇီဒန်းကလည်း ဟာဇက်ကို ခေါ်ယူဖို့  လိုလားနေကြောင်း စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အသက် ၂၈ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ ဟာဇက်ကတော့  ရီးရဲမက်ဒရစ် အသင်းနဲ့ ဆက်သွယ် ဆွေးနွေးတာမျိုး မရှိကြောင်း၊ လက်ရှိအချိန်မှာ ကစားရမယ့် ပွဲတွေကိုသ ာအာရုံစိုက်နေကြောင်း  ပြောခဲ့ပါတယ်။

?bph6