အိႏၵိယနဲ႔ ၿငိမ္းခ်မ္းေရးရယူဖုိ႔ လုိလားေၾကာင္း ပါကစၥတန္ သမၼတ ေျပာ

0
102

ပါကစၥတန္က အိႏၵိယနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ လုိလားၿပီး စစ္ျဖစ္မယ့္အစား ပညာေရး၊ က်န္းမာေရး လုပ္ငန္းေတြကိုသာ အဓိကထား လုပ္ကိုင္လုိေၾကာင္း ပါကစၥတန္သမၼတ အင္မရန္ခန္းက ေျပာပါတယ္။

ပါကစၥတန္ သမၼတက အိမ္နီးခ်င္း အိႏၵိယႏိုင္ငံနဲ႔ တင္းမာမႈေတြ ရွိခဲ့ၿပီးေနာက္ ျပဳလုပ္တဲ့ စစ္ေရးျပ အခမ္းအနားမွာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ ကက္ရွ္မီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့လက အိႏၵိယ တပ္ဖြဲ႔ဝင္ေပါင္း ၄၀ ေက်ာ္ေသဆံုးခဲ့ရတဲ့ အေသခံ ကားဗံုးခြဲတုိက္ခုိက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ ပါကစၥတန္ၾကား ပဋိပကၡေတြ ျဖစ္ခဲ့ရပါတယ္။

စစ္ပြဲေတြကို မယံုၾကည္ဘဲ ႏွစ္ႏုိင္ငံၾကား ျဖစ္ေနတဲ့ျပႆနာေတြကို ေတြ႔ဆံုေဆြးေႏြးမယ့္ နည္းလမ္းနဲ႔ အေျဖရွာႏုိင္မယ္လို႔ ပါကစၥတန္ သမၼတက ေျပာပါတယ္။ ကက္ရွ္မီးယားျပည္နယ္မွာ အေသခံ ဗံုးခဲြတုိက္ခုိက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အိႏၵိယတပ္ဖြဲ႔ေတြဟာ ပါကစၥတန္ ပိုင္နက္အတြင္းရွိ စစ္ေသြးၾကြေတြကို ဗံုးႀကဲတုိက္ခုိက္တာေတြ လုပ္ခဲ့သလို ပါကစၥတန္ကလည္း အိႏၵိယတိုက္ေလယာဥ္မွဴးကို ဖမ္ဆီးတာေတြ လုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယနဲ့ ငြိမ်းချမ်းရေးရယူဖို့ လိုလားကြောင်း ပါကစ္စတန် သမ္မတ ပြော

ပါကစ္စတန်က အိန္ဒိယနဲ့ ငြိမ်းချမ်းရေးရဖို့ လိုလားပြီး စစ်ဖြစ်မယ့်အစား ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေကိုသာ အဓိကထား လုပ်ကိုင်လိုကြောင်း ပါကစ္စတန်သမ္မတ အင်မရန်ခန်းက ပြောပါတယ်။

ပါကစ္စတန် သမ္မတက အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ တင်းမာမှုတွေ ရှိခဲ့ပြီးနောက် ပြုလုပ်တဲ့ စစ်ရေးပြ အခမ်းအနားမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ကက်ရှ်မီးယားပြည်နယ်မှာ ပြီးခဲ့တဲ့လက အိန္ဒိယ တပ်ဖွဲ့ဝင်ပေါင်း ၄၀ ကျော်သေဆုံးခဲ့ရတဲ့ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပဋိပက္ခတွေ ဖြစ်ခဲ့ရပါတယ်။

စစ်ပွဲတွေကို မယုံကြည်ဘဲ နှစ်နိုင်ငံကြား ဖြစ်နေတဲ့ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမယ့် နည်းလမ်းနဲ့ အဖြေရှာနိုင်မယ်လို့ ပါကစ္စတန် သမ္မတက ပြောပါတယ်။ ကက်ရှ်မီးယားပြည်နယ်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အိန္ဒိယတပ်ဖွဲ့တွေဟာ ပါကစ္စတန် ပိုင်နက်အတွင်းရှိ စစ်သွေးကြွတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို ပါကစ္စတန်ကလည်း အိန္ဒိယတိုက်လေယာဉ်မှူးကို ဖမ်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

?bph6