
0
152




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဆိုတော် ဂျန်ဂျွန်ယောင် ထောင်ဒဏ် ၇ နှစ်ခွဲအထိ ကျခံရနိုင်

လိင်ပိုင်းဆိုင်ရာ ရုပ်သံဗီဒီယိုတွေ ဖြန့်ဝေမှုအတွက် ကိုရီးယားအဆိုတော် ဂျန်ဂျွန်ယောင်ဟာ ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်ခွဲအထိ ကျခံရနိုင်တယ်လို့ တောင်ကိုရီးယားရှေ့နေ အိုဆိုဂျင်က ပြောပါတယ်။

ရှေနေ့ အိုဆိုဂျင်ဟာ MBC ရုပ်သံအစီစဉ်နဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂျန်ဂျွန်ယောင်အမှု အတွက် ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အခုလို သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုတော် ဂျန်ဂျွန်ယောင်ဟာ မိန်းကလေးတွေနဲ့ လိင်ဆက်ဆံနေတာကို ဗီဒီယိုခိုးရိုက်ပြီး လူမူကွန်ရက် အုပ်စုဖွဲ့ စကားပြောတဲ့ Group တွေထဲမှာ ပြန်မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဂျန်ဂျွန်ယောင်ကလည်း လိင်ပိုင်းဆိုင်ရာ ရုပ်သံဗီဒီယို ရိုက်ကူးကာ ပြန်ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဝန်ခံထားပါတယ်။

?bph6