IS စစ္ေသြးၾကြအဖြဲ႔က အၾကမ္းဖက္ အဖြ႔ဲအစည္းအျဖစ္ ၿခိမ္းေျခာက္ေနဆဲလို႔ အေမရိကန္ သမၼတ ေျပာ

0
271

IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔က အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ ၿခိမ္းေျခာက္မႈေတြ ဆက္လက္ရွိေနဆဲ ျဖစ္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က သတိေပးလုိက္ပါတယ္။

အေမရိကန္ ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဆီးရီးယား ဒီမုိကရက္တစ္အဖြဲ႔ (SDF) ဟာ IS အၾကမ္းဖက္ အဖြဲ႔ရဲ႕ ေနာက္ဆံုးစခန္းျဖစ္တဲ့ ဘတ္ဟတ္ၿမိဳ႕ကို မေန႔က သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္ အေမရိကန္ သမၼတ ထရမ့္က အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔ အၿပီးတုိင္ ႐ံႈးနိမ့္သြားခ်ိန္အထိ အေမရိကန္ႏုိင္ငံက တုိက္ခုိက္မႈေတြ လုပ္သြားမယ္လို႔  အေမရိကန္ သမၼတက ေျပာပါတယ္။ ဆီးရီးယားနဲ႔ အီရတ္ႏုိင္ငံတုိ႔မွာ IS အဖြဲ႔က ပိုင္နက္နယ္ေျမေတြ ႐ံႈးနိမ့္ခဲ့ေပမယ့္ ႏုိင္ဂ်ီးရီးယား ႏုိင္ငံကေန ဖိလစ္ပိုင္ႏိုင္ငံအထိ  ကြန္ရက္ေတြ ခ်ဲ႕ထြင္ထားႏုိင္တယ္လုိ႔ သမၼတ ထရမ့္က ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS စစ်သွေးကြွအဖွဲ့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ခြိမ်းခြောက်နေဆဲလို့ အမေရိကန် သမ္မတ ပြော

IS အစ္စလာမ် အကြမ်းဖက်အဖွဲ့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ခြိမ်းခြောက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်အဖွဲ့ (SDF) ဟာ IS အကြမ်းဖက် အဖွဲ့ရဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ ဘတ်ဟတ်မြို့ကို မနေ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမေရိကန် သမ္မတ ထရမ့်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

IS အစ္စလာမ် အကြမ်းဖက်အဖွဲ့ အပြီးတိုင် ရှုံးနိမ့်သွားချိန်အထိ အမေရိကန်နိုင်ငံက တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့  အမေရိကန် သမ္မတက ပြောပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာ IS အဖွဲ့က ပိုင်နက်နယ်မြေတွေ ရှုံးနိမ့်ခဲ့ပေမယ့် နိုင်ဂျီးရီးယား နိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံအထိ  ကွန်ရက်တွေ ချဲ့ထွင်ထားနိုင်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

?bph6