တိုက္စစ္မွဴး စီေရာ္နယ္ဒုိကို ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္ ဒဏ္႐ိုက္

0
163

ဂ်ဴဗင္တပ္တုိက္စစ္မွဴး စီေရာ္နယ္ဒိုကို ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္က ဒဏ္ေငြ ယူ႐ို ၂ ေသာင္း ဒဏ္႐ိုက္လုိက္ပါတယ္။

ဂ်ဴဗင္တပ္နဲ႔ အက္သလက္တီကို မက္ဒရစ္တုိ႔ ကစားတဲ့ပြဲမွာ ဂိုးသြင္းၿပီးေနာက္ ျပဳလုပ္ခဲ့တဲ့ ေအာင္ပြဲခံ အျပဳအမႈနဲ႔ ပတ္သက္ၿပီး အခုလို ဒဏ္႐ုိက္လုိက္တာျဖစ္ေၾကာင္း ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

အသက္ ၃၄ ႏွစ္ အရြယ္ရွိ စီေရာ္နယ္ဒိုဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ႐ံႈးထြက္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဟက္ထရစ္ဂိုး သြင္းယူခဲ့ၿပီးေနာက္ ကြင္းေဘးစည္းကို ေက်ာ္ကာ အလြန္အကၽြံ ေအာင္ပြဲခံခဲ့ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပံုစံက ၿပိဳင္ဘက္ ကစားသမားေတြကို ေကာ့ျပတဲ့ပံုစံမ်ိဳး ျဖစ္ေနတယ္လို႔ ေဝဖန္မႈေတြလည္း ရွိေနခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူး စီရော်နယ်ဒိုကို ဥရောပ ဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေ ယူရို ၂ သောင်း ဒဏ်ရိုက်လိုက်ပါတယ်။

ဂျူဗင်တပ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ကစားတဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံ အပြုအမှုနဲ့ ပတ်သက်ပြီး အခုလို ဒဏ်ရိုက်လိုက်တာဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

အသက် ၃၄ နှစ် အရွယ်ရှိ စီရော်နယ်ဒိုဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ဟက်ထရစ်ဂိုး သွင်းယူခဲ့ပြီးနောက် ကွင်းဘေးစည်းကို ကျော်ကာ အလွန်အကျွံ အောင်ပွဲခံခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံစံက ပြိုင်ဘက် ကစားသမားတွေကို ကော့ပြတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

?bph6