စပိုက္ဂဲလ္အဖြဲ႔ကေန ထြက္ခဲ့တာကို ေနာင္တမရဘူးလုိ႔ ဗစ္တိုးရီးယား ဘက္ခမ္း ေျပာ

0
188

စပိုက္ဂဲလ္အဖြဲ႔ဝင္အျဖစ္ကေန ႏုတ္ထြက္ခဲ့မႈအေပၚ ေနာင္တမရေၾကာင္း အဖြဲ႔ဝင္ေဟာင္း ဗစ္တုိးရီးယား ဘက္ခမ္းက ေျပာပါတယ္။

စပိုက္ဂဲလ္အဖြဲ႔ဟာ ၁၉၉၀ ျပည့္ႏွစ္ေက်ာ္မ်ားက ေအာင္ျမင္ခဲ့တဲ့ အမ်ိဳးသမီးအဆုိေတာ္ အဖြဲ႔တစ္ဖြဲ႔ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က အဖြဲ႔ဝင္ေတြ ျပန္ေပါင္းစည္းဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဗစ္တုိးရီးယား ဘက္ခမ္းက လက္မခံခဲ့ပါဘူး။

သူအေနနဲ႔ စပိုက္ဂဲလ္အဖြဲ႔ရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ အစိတ္အပိုင္းတစ္ရပ္ အျဖစ္ ပါဝင္ခြင့္ရခဲ့တာကို ေပ်ာ္ရႊင္ေက်နပ္ေနေၾကာင္း၊ အဖြဲ႔ဝင္အျဖစ္ ရွိေနခ်ိန္မွာ လုပ္ေဆာင္ခဲ့တာေတြ အရာေတြအတြက္ ဂုဏ္ယူေၾကာင္း ဗစ္တုိရီးယား ဘက္ခမ္းက ေျပာပါတယ္။ ဗစ္တုိရီးယား ဘက္ခမ္းဟာ လက္ရွိမွာ အသက္ ၄၄ ႏွစ္ အရြယ္ရွိေနၿပီး ကိုယ္ပိုင္ဖက္ရွင္ ကုမၸဏီကို တည္ေထာင္လုပ္ကိုင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စပိုက်ဂဲလ်အဖွဲ့ကနေ ထွက်ခဲ့တာကို နောင်တမရဘူးလို့ ဗစ်တိုးရီးယားဘက်ခမ်း ပြော

စပိုက်ဂဲလ်အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့မှုအပေါ် နောင်တမရကြောင်း အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယား ဘက်ခမ်းက ပြောပါတယ်။

စပိုက်ဂဲလ်အဖွဲ့ဟာ ၁၉၉၀ ပြည့်နှစ်ကျော်များက အောင်မြင်ခဲ့တဲ့ အမျိုးသမီးအဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အဖွဲ့ဝင်တွေ ပြန်ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ဗစ်တိုးရီးယား ဘက်ခမ်းက လက်မခံခဲ့ပါဘူး။

သူအနေနဲ့ စပိုက်ဂဲလ်အဖွဲ့ရဲ့ သက်တမ်းတစ်လျှောက်မှာ အစိတ်အပိုင်းတစ်ရပ် အဖြစ် ပါဝင်ခွင့်ရခဲ့တာကို ပျော်ရွှင်ကျေနပ်နေကြောင်း၊ အဖွဲ့ဝင်အဖြစ် ရှိနေချိန်မှာ လုပ်ဆောင်ခဲ့တာတွေ အရာတွေအတွက် ဂုဏ်ယူကြောင်း ဗစ်တိုရီးယား ဘက်ခမ်းက ပြောပါတယ်။ ဗစ်တိုရီးယား ဘက်ခမ်းဟာ လက်ရှိမှာ အသက် ၄၄ နှစ် အရွယ်ရှိနေပြီး ကိုယ်ပိုင်ဖက်ရှင် ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်နေပါတယ်။