
0
281




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရီးရဲမက်ဒရစ်မှာ ကစားခွင့်ရရေးက ကစားသမားတိုင်း အိမ်မက်ဖြစ်တယ်လို့ ပေါ့ဘာ ပြော

ရီးရဲမက်ဒရစ် အသင်းမှာ ကစားခွင့်ရရေးက ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်တယ်လို့  မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပေါ့ဘာက ရီးရဲမက်ဒရစ် အသင်းမှာ ကစားနိုင်ဖို့ ငယ်စဉ်တည်းက အိမ်မက်မက်ခဲ့တယ်လို့ ပြောပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ  ကမ္ဘာ့အကောင်းဆုံး အသင်းကြီးတစ်သင်းဖြစ်ပြီး ကစားသမားတိုင်းက ကစားဖို့ ဆန္ဒရှိနေတယ်လို့ ပေါ့ဘာက ပြောပါတယ်။  ရီးရဲမက်ဒရစ်မှာ ကစားလိုတဲ့ အိမ်မက် ရှိပေမယ့် လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်မှာ ပျော်ရွင်နေဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရီးရဲမက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးတယ်လို့ သတင်းတွေက ထွက်ပေါ်ခဲ့ဖူးပါတယ်။

?bph6