ဆြန္ဂရီကို စစ္မႈထမ္းမႈ ဆိုင္းငံ့ခြင့္ေပး

0
275

လိင္ကိစၥ အ႐ႈပ္ေတာ္ပံုမွာ ပတ္သက္ေနလို႔ စံုစမ္းစစ္ေဆးမႈေတြ လုပ္ခံေနရတဲ့ K-pop စတား ဆြန္ဂရီကို စစ္မႈထမ္းမႈကေန ဆိုင္းငံ့ခြင့္ ေပးလိုက္ေၾကာင္း ေတာင္ကိုရီးယား စစ္ဘက္ လူအင္တား စုေဆာင္းေရး အုပ္ခ်ဳပ္ေရးအဖြဲ႔ (MMA) က ေၾကညာလိုက္ပါတယ္။

ေတာင္ကိုရီးယား ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနစဥ္အတြင္း စစ္မႈထမ္းခြင့္ကေန ဆိုင္းငံ့ေပးထားဖို႔ ဆြန္ဂရီက ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ ဆြန္ဂရီ စစ္မႈထမ္းရမယ့္ေန႔ မတ္လ ၂၅ ရက္ကေန သံုးလ ေနာက္ဆုတ္ေပးလိုက္တာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ အဆိုေတာ္ ဆြန္ဂရီဟာ ျပည့္တန္ဆာ ခ်ိတ္ဆက္ေပးမႈ၊ တရားမဝင္ ေလာင္းကစားလုပ္မႈအျပင္ အခု မူးယစ္ေဆးသံုးစြဲမႈပါ ထပ္တိုးခံထားရပါတယ္။ ဆြန္ဂရီကေတာ့ မူးယစ္ေဆးဝါးသံုးစြဲျခင္း မရွိခဲ့ဘူးလို႔ ျငင္းဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွန်ဂရီကို စစ်မှုထမ်းမှု ဆိုင်းငံ့ခွင့်ပေး

လိင်ကိစ္စ အရှုပ်တော်ပုံမှာ ပတ်သက်နေလို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခံနေရတဲ့ K-pop စတား ဆွန်ဂရီကို စစ်မှုထမ်းမှုကနေ ဆိုင်းငံ့ခွင့် ပေးလိုက်ကြောင်း တောင်ကိုရီးယား စစ်ဘက် လူအင်တား စုဆောင်းရေး အုပ်ချုပ်ရေးအဖွဲ့ (MMA) က ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေစဉ်အတွင်း စစ်မှုထမ်းခွင့်ကနေ ဆိုင်းငံ့ပေးထားဖို့ ဆွန်ဂရီက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဂရီ စစ်မှုထမ်းရမယ့်နေ့ မတ်လ ၂၅ ရက်ကနေ သုံးလ နောက်ဆုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အဆိုတော် ဆွန်ဂရီဟာ ပြည့်တန်ဆာ ချိတ်ဆက်ပေးမှု၊ တရားမဝင် လောင်းကစားလုပ်မှုအပြင် အခု မူးယစ်ဆေးသုံးစွဲမှုပါ ထပ်တိုးခံထားရပါတယ်။ ဆွန်ဂရီကတော့ မူးယစ်ဆေးဝါးသုံးစွဲခြင်း မရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

?bph6