
0
172




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကစားသမားတွေရဲ့ ခြေစွမ်းကို လုံးဝ သံသယ မရှိကြောင်း လီဗာပူးနည်းပြပြော

အသင်းကစားသမားတွေရဲ့ ခြေစွမ်းကို ဘယ်တော့မှ  သံသယမရှိခဲ့ကြောင်း လီဗာပူးနည်းပြ ကလော့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖူဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ယမန်နေ့က ကစားခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်အပြီးမှာ နည်းပြ ကလော့က အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူအသင်းဟာ ဖူဟမ်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။

ပွဲအစပိုင်းတည်းက အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း၊ ဒုတိယပိုင်းမှာ အဆုံးသတ်မှုပိုင်း အားနည်းခဲ့ပေမယ့် အနိုင်ရအောင် ကစားနိုင်ခဲ့ကြောင်း လီဗာပူးနည်းပြက ပြောပါတယ်။  လီဗာပူအသင်းဟာ ပရီးမီယားလိဂ်ပွဲပေါင်း ၃၁ ပွဲ ကစားထားပြီး ရမှတ် ၇၆ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေပါတယ်။

?bph6