ရဲရဲ႕ စစ္ေဆးမႈေတြ ခံယူဖို႔ ဆြန္ဂရီ စစ္မႈထမ္းတာ ဆုိင္းငံ့မယ္

0
161

လိင္ပုိင္းဆုိင္ရာ မဖြယ္မရာ ျပဳလုပ္တယ္လုိ႔ စြပ္စြဲခံထားရတဲ့ BigBang အဆုိေတာ္ အဖြဲ႔ရဲ႕ အဖြဲ႔ဝင္ ဆြန္ဂရီဟာ  ရဲတပ္ဖြဲ႔ရဲ႕ စံုစမ္းစစ္ေဆးမႈေတြကို အျပည့္အဝ ပူးေပါင္းေဆာင္ရြက္ႏုိင္ဖုိ႔ စစ္မႈထမ္းမယ့္အခ်ိန္ကို ေရႊဆုိင္းဖြယ္ရွိပါတယ္။

ဆြန္ဂရီဟာ မတ္လေနာက္ပိုင္းမွာ စစ္မႈစတင္ ထမ္းေဆာင္ရမွာ ျဖစ္ေပမယ့္ ရဲေတြရဲ႕ စံုစမ္းစစ္ေဆးမႈ ၿပီးဆံုးခ်ိန္အထိ စစ္မႈထမ္းတာကို ေရႊ႕ဆုိင္းေပးဖုိ႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယား စစ္ဘက္အာဏာပိုင္အဖြဲ႔က ဒီေလွ်ာက္ထားမႈကို ခြင့္ျပဳေပးခဲ့မယ္ဆုိရင္ ဆြန္ဂရီဟာ စစ္မႈထမ္းတာ ေရႊဆုိင္းခြင့္ ရရွိမွာလည္း ျဖစ္ပါတယ္။ ဆြန္ဂရီကို မူးယစ္ေဆးဝါး သံုးစြဲမႈ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ အခြန္ေ႐ွာင္မႈတို႔ အပါအဝင္ ဘန္းနင္း ဆန္း ကလပ္မွာ အစိုးရဝန္ထမ္းတခ်ဳိ႕နဲ႔ ပံုမွန္မဟုတ္တဲ့ ဆက္ဆံေရးေတြ ႐ွိတယ္လို႔ သံသယ႐ွိေနတာလည္း ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဲရဲ့ စစ်ဆေးမှုတွေ ခံယူဖို့ ဆွန်ဂရီ စစ်မှုထမ်းတာ ဆိုင်းငံ့မယ်

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ BigBang အဆိုတော် အဖွဲ့ရဲ့ အဖွဲ့ဝင် ဆွန်ဂရီဟာ  ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စစ်မှုထမ်းမယ့်အချိန်ကို ရွှေဆိုင်းဖွယ်ရှိပါတယ်။

ဆွန်ဂရီဟာ မတ်လနောက်ပိုင်းမှာ စစ်မှုစတင် ထမ်းဆောင်ရမှာ ဖြစ်ပေမယ့် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးချိန်အထိ စစ်မှုထမ်းတာကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား စစ်ဘက်အာဏာပိုင်အဖွဲ့က ဒီလျှောက်ထားမှုကို ခွင့်ပြုပေးခဲ့မယ်ဆိုရင် ဆွန်ဂရီဟာ စစ်မှုထမ်းတာ ရွှေဆိုင်းခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ ဆွန်ဂရီကို မူးယစ်ဆေးဝါး သုံးစွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အခွန်ရှောင်မှုတို့ အပါအဝင် ဘန်းနင်း ဆန်း ကလပ်မှာ အစိုးရဝန်ထမ်းတချို့နဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတွေ ရှိတယ်လို့ သံသယရှိနေတာလည်း ဖြစ်ပါတယ်။

?bph6