
0
240




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပြောင်းရွှေ့ကြေး အများအပြား မသုံးစွဲတော့ကြောင်း  လီဗာပူးနည်းပြ ပြော

လီဗာပူးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း   ငွေကြေး အများအပြား သုံးစွဲတောမှာ မဟုတ်ဘူးလို့ နည်းပြ ကလော့က ပြောပါတယ်။

လီဗာပူအသင်းဟာ ပြီးခဲတဲ့ ၂၀၁၈ ခုနှစ် အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဗန်ဒိုက်၊ အဲလစ်ဆင်တို့ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူတဲ့အပြင် ကီတာ၊ ဖာဘင်ဟိုတို့ကိုလည်း ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။

ငွေကြေးအများအပြား သုံးစွဲကာ ခေါ်ယူခဲ့တဲ့ လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ အသင်းက ပြည်စုံနေတယ်လို့ နည်းပြကလော့က ပြောပါတယ်။ အသင်းမှာ လက်ရှိ ရှိနေတဲ့ ကစားသမားတွေ နဲ့အတူ နိုင်ပွဲတွေ၊ ချန်ပီယံဆုတွေ ရယူနိုင်အောင် အကောင်းဆုံး နည်းလမ်းကို အသုံးပြုသွားမယ်လို့ လီဗာပူးနည်းပြက ပြောပါတယ်။

?bph6