
0
183




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂီတဆိုင်ရာ အကောင်းဆုံးဆုတွေ ရယူနိုင်တဲ့ ဂရန်ဒီနဲ့ တေလာဆွစ်ဖ်

အဆိုတော် အရီနာ ဂရန်ဒီနဲ့ တေလာဆွစ်ဖ်တို့ဟာ မနေ့က ကျင်းပခဲ့တဲ့ iHeartRadio ရဲ့ ဂီတဆိုင်ရာ ဆုချီးမြင့်ပွဲမှာ အကောင်းဆုံးဆုတွေ ရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပတဲ့ ဂီတဆုချီးမြှင့်ပေးပွဲမှာ ဂရန်ဒီက အကောင်းဆုံးဆု နှစ်ဆု ရရှိခဲ့ပါတယ်။ ဂရန်ဒီဟာ တစ်နှစ်တာ အကောင်းဆုံး အဆိုတော်ဆုနဲ့ တစ်နှစ်အတွင်း တေးအယ်လ်ဘမ် ရောင်းအား အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။

တေလာဆွစ်ဖ်ကတော့ သူရဲ့ဖျော်ဖြေပွဲတွေမှာ လက်မှတ်အစောင်ရေ နှစ်သန်းကျော် ရောင်းချနိုင်ခဲ့လို့ iHeartRadio က ချီးမြှင့်တဲ့အထူးဆုကို ရရှိသွားခဲ့ပါတယ်။ အခုလို အကောင်းဆုံးဆုတွေ ရယူနိုင်တဲ့အပေါ် အံအားသင့်ရကြောင်း၊ ဆုရယူနိုင်တဲ့အတွက် ဂုဏ်ယူကြောင်း ဂရန်ဒီက ပြောပါတယ်။

?bph6