
0
200




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရီးရဲမက်ဒရစ် အသင်းမှာ ကစားသမား ဘဝတစ်လျှောက်လုံး ဆက်ရှိသွားဖို့ ဂါရတ်ဘေးလ် ဆန္ဒရှိ

ကွင်းလယ်လူ ဂါရတ်ဘေးလ်က ရီးရဲမက်ဒရစ်အသင်းမှာသာ ကစားသမားဘဝ တစ်လျှောက်လုံး ဆက်ကစားသွားဖို့ ဆန္ဒရှိတယ်လို့ ဘေးလ်ရဲ့အေးဂျင့် ဘာနက်က ပြောပါတယ်။

ဇီဒန်းကို နည်းပြအဖြစ် ပြန်ခန့်တာက ဘေးလ်ရဲ့ အနာဂတ် မရေမရာ ဖြစ်စေနိုင်တယ်လို့ စပိန် သတင်းတွေက ဖော်ပြနေချိန်မှာ အေးဂျင့်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲမက်ဒရစ် အသင်းမှာ ပျော်ရွှင်နေပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ကြိုပြောလို့ မရနိုင်ကြောင်း အေးဂျင့်ဖြစ်သူ ဘာနက်က ပြောပါတယ်။

ဘေးလ်ဟာ နည်းပြသစ် ဇီဒန်းနဲ့ ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ ဘေးလ်ရဲ့ အနာဂတ်ကို သိမြင်နိုင်မှာဖြစ်ကြောင်း ဘာနက်က ပြောပါတယ်။

?bph6