နယူးဇီလန္က ဗလီ ႏွစ္ခုမွာ ပစ္ခတ္မႈျဖစ္ပြား ၄၀ ဦး ေသဆံုး

0
411

နယူးဇီလန္ႏိုင္ငံ ခရစ္ခ်က္ခ်္ ၿမိဳ႕က ဗလီ ႏွစ္ခုမွာ ဒီေန႔ မတ္လ ၁၅ ရက္ ေသာၾကာေန႔မွာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့လို႔ လူ ၄၀ ေသဆံုးခဲ့ၿပီး ၂၀ ေက်ာ္ ဒဏ္ရာအျပင္းအထန္ ရ႐ွိခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈဟာ အေသခ်ာအစီစဥ္ဆြဲထားတဲ့ တိုက္ခိုက္မႈျဖစ္ၿပီး ေသနတ္သမားရဲ႕ ကားလို႔ ယူဆရတဲ့ ကားထဲမွာ ေပါက္ကြဲေစႏိုင္တဲ့ ပစၥည္းေတြ အမ်ားအျပားေတြ႕ရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ေသနတ္သမားဟာ သက္လတ္ပိုင္း လူျဖဴျဖစ္ၿပီး စစ္ဝတ္စံုနဲ႔ ႐ုပ္ဖ်က္ထားေၾကာင္း မ်က္ျမင္တစ္ဦးက ျေပာပါတယ္။ သံသယ႐ွိသူ အမ်ဳိးသား ၃ ဦး နဲ႔ အမ်ဳိးသမီး ၁ ဦးကို ရဲတပ္ဖြဲ႔ ထိန္းသိမ္းထားၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ၾသေၾတးလ် ႏိုင္ငံသား တစ္ဦးလည္းပါဝင္ပါတယ္။

ဒါဟာ နယူးဇီလန္ရဲ႕ ေမွာင္မိုက္တဲ့ ေန႔ေတြျဖစ္ေၾကာင္း၊ အလြန္ဆိုးဝါးၿပီး မႀကံဳဖူးတဲ့ အၾကမ္းဖက္မႈ ျဖစ္စဥ္တစ္ခုျဖစ္ေၾကာင္းနဲ႔ ရဲတပ္ဖြဲ႔ အေနနဲ႔ သံသယ႐ွိသူေတြကို အခုလိုအျမန္ဆံုးဖမ္းမိတာကို ဝမ္းေျမာက္မိေၾကာင္း နယူးဇီလန္ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးဇီလန်က ဗလီ နှစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွား ၄၀ ဦး သေဆုံး

နယူးဇီလန်နိုင်ငံ ခရစ်ချက်ချ် မြို့က ဗလီ နှစ်ခုမှာ ဒီနေ့ မတ်လ ၁၅ ရက် သောကြာနေ့မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ လူ ၄၀ သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသေချာအစီစဉ်ဆွဲထားတဲ့ တိုက်ခိုက်မှုဖြစ်ပြီး သေနတ်သမားရဲ့ ကားလို့ ယူဆရတဲ့ ကားထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ အများအပြားတွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေနတ်သမားဟာ သက်လတ်ပိုင်း လူဖြူဖြစ်ပြီး စစ်ဝတ်စုံနဲ့ ရုပ်ဖျက်ထားကြောင်း မျက်မြင်တစ်ဦးက ြပောပါတယ်။ သံသယရှိသူ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့ ထိန်းသိမ်းထားပြီး အသက် ၂၈ နှစ်အရွယ် သြတြေးလျ နိုင်ငံသား တစ်ဦးလည်းပါဝင်ပါတယ်။

ဒါဟာ နယူးဇီလန်ရဲ့ မှောင်မိုက်တဲ့ နေ့တွေဖြစ်ကြောင်း၊ အလွန်ဆိုးဝါးပြီး မကြုံဖူးတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ အနေနဲ့ သံသယရှိသူတွေကို အခုလိုအမြန်ဆုံးဖမ်းမိတာကို ဝမ်းမြောက်မိကြောင်း နယူးဇီလန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။