အင္ဒိုနီးရွား မွာ ပထမဆံုး ေျမေအာက္ရထားလုိင္း စမ္းသပ္

0
208

အင္ဒိုနီးရွားျပည္သူေတြဟာ ဒီလေနာက္ပိုင္းမွာ စတင္မယ့္ နိုင္ငံ့အတြက္ ပထမဦးဆုံး ေျမေအာက္ရထားလိုင္း စမ္းသပ္ေမာင္းႏွင္တာကို မေန႔ကစတင္စီးႏုိင္ခဲ့ပါတယ္

အင္ဒိုနီးရွားနိုင္ငံ ၿမိဳ႕ေတာ္ ဂ်ာကာတာမွာ ဘူတာ ၁၃ ခုကို ဆက္သြယ္ထားတဲ့ ီ ေျမေအာက္ရထားလိုင္းဟာ အၾကမ္းဖ်င္းအားျဖင့္ ၁၆ ကီလိုမီတာေလာက္ ရွည္လ်ားပါတယ္။ အေမရိကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ ေခ်းေငြ အပါအဝင္ ဂ်ပန႔္အကူအညီေတြနဲ႔ အင္ဒိုနီးရွားအစိုးရက ေျမေအာက္ ရထားလိုင္းကို တည္ေဆာက္ခဲ့ပါတယ္။

စမ္းသပ္ေမာင္းႏွင္ခ်ိန္မွာ ေျမေအာက္ရထားကို စီးနင္းခဲ့သူေပါင္း ေလးေထာင္ေက်ာ္ ရွိခဲ့ပါတယ္။ ဂ်ာကာတာၿမိဳ႕ဟာ ကမၻာမွာ လမ္းပိတ္ဆို႔မႈ အဆိုးရြားဆုံး ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ၿပီး ဒီေျမေအာက္ရထားလိုင္းက လမ္းပိတ္ဆုိ႔မႈ ေျပေလ်ာ့ေစၿပီး ခရီးသြားလာခ်ိန္ကို ေလၽွာ့ခ်ေပးမယ္လို႔ အစိုးရအရာရွိေတြက ေမၽွာ္လင့္ေန ၾကပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား မှာ ပထမဆုံး မြေအောက်ရထားလိုင်း စမ်းသပ်

အင်ဒိုနီးရှားပြည်သူတွေဟာ ဒီလနောက်ပိုင်းမှာ စတင်မယ့် နိုင်ငံ့အတွက် ပထမဦးဆုံး မြေအောက်ရထားလိုင်း စမ်းသပ်မောင်းနှင်တာကို မနေ့ကစတင်စီးနိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ဘူတာ ၁၃ ခုကို ဆက်သွယ်ထားတဲ့ ီ မြေအောက်ရထားလိုင်းဟာ အကြမ်းဖျင်းအားဖြင့် ၁၆ ကီလိုမီတာလောက် ရှည်လျားပါတယ်။ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ချေးငွေ အပါအဝင် ဂျပန့်အကူအညီတွေနဲ့ အင်ဒိုနီးရှားအစိုးရက မြေအောက် ရထားလိုင်းကို တည်ဆောက်ခဲ့ပါတယ်။

စမ်းသပ်မောင်းနှင်ချိန်မှာ မြေအောက်ရထားကို စီးနင်းခဲ့သူပေါင်း လေးထောင်ကျော် ရှိခဲ့ပါတယ်။ ဂျာကာတာမြို့ဟာ ကမ္ဘာမှာ လမ်းပိတ်ဆို့မှု အဆိုးရွားဆုံး မြို့တစ်မြို့ ဖြစ်ပြီး ဒီမြေအောက်ရထားလိုင်းက လမ်းပိတ်ဆို့မှု ပြေလျော့စေပြီး ခရီးသွားလာချိန်ကို လျှော့ချပေးမယ်လို့ အစိုးရအရာရှိတွေက မျှော်လင့်နေ ကြပါတယ်။

?bph6