ေျမာက္ကိုရီးယားရဲ႕ လူအခြင့္အေရးခ်ိဳးေဖာက္မႈ ဆံုးျဖတ္ခ်က္မူၾကမ္း ဂ်ပန္ မတင္သြင္း

0
149

ေျမာက္ကိုရီးယားရဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အျပစ္တင္ေဝဖန္ထားတဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းကို ဒီႏွစ္ ကုလသမဂၢထံ တင္သြင္းမွာ မဟုတ္ဘူးလို႔ ဂ်ပန္အစိုးရက ေျပာပါတယ္။

ဂ်ပန္နဲ႔ ဥေရာပ သမဂၢ EU တို႔ဟာ အဲဒီလို ဆုံးျဖတ္ခ်က္မူၾကမ္းေတြကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီထံ လြန္ခဲ့တဲ့ ၁၁ႏွစ္တည္းက ပူးတြဲတင္သြင္းလာခဲ့ပါတယ္။ အဲဒီ ဆုံးျဖတ္ခ်က္မူၾကမ္းေတြမွာ ဂ်ပန္နိုင္ငံသားေတြကို ေျမာက္ကိုရီးယားက အဓမၼ ဖမ္းဆီးေခၚေဆာင္တဲ့ကိစၥကိုလည္း ရည္ညႊန္းေဖာ္ျပထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လ က ျပဳလုပ္တဲ့ အေမရိကန္-ေျမာက္ကိုရီးယား ထိပ္သီးေဆြးေႏြးပြဲရဲ့ ရလဒ္နဲ႔ အဓမၼဖမ္းဆီး ေခၚေဆာင္ခံရတဲ့ အေရးကိစၥရဲ့ အေနအထားေတြကို သုံးသပ္ၿပီးတဲ့ေနာက္ ဂ်ပန္အစိုးရဟာ အဲဒီလို ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ အစိုးရအဖြဲ႕အတြင္းဝန္ခ်ဳပ္ ေယာ္ရွိဟိဒဲ စုဂါက ေျပာၾကားခဲ့ပါတယ္။

EU ကေတာ့ ဒီႏွစ္မွာ ကုလသမဂၢ ထံ ဆုံးျဖတ္ခ်က္မူၾကမ္း တင္သြင္းလိမ့္မယ္လို႔ ေမၽွာ္လင့္ရၿပီး အဲဒါကို ဂ်ပန္က ေထာက္ခံဖို႔ ရည္ရြယ္ထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားရဲ့ လူအခွင့်အရေးချိုးဖောက်မှု ဆုံးဖြတ်ချက်မူကြမ်း ဂျပန် မတင်သွင်း

မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်တင်ဝေဖန်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဒီနှစ် ကုလသမဂ္ဂထံ တင်သွင်းမှာ မဟုတ်ဘူးလို့ ဂျပန်အစိုးရက ပြောပါတယ်။

ဂျပန်နဲ့ ဥရောပ သမဂ္ဂ EU တို့ဟာ အဲဒီလို ဆုံးဖြတ်ချက်မူကြမ်းတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ လွန်ခဲ့တဲ့ ၁၁နှစ်တည်းက ပူးတွဲတင်သွင်းလာခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းတွေမှာ ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက အဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့ကိစ္စကိုလည်း ရည်ညွှန်းဖော်ပြထားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ က ပြုလုပ်တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲရဲ့ ရလဒ်နဲ့ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ အရေးကိစ္စရဲ့ အနေအထားတွေကို သုံးသပ်ပြီးတဲ့နောက် ဂျပန်အစိုးရဟာ အဲဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယော်ရှိဟိဒဲ စုဂါက ပြောကြားခဲ့ပါတယ်။

EU ကတော့ ဒီနှစ်မှာ ကုလသမဂ္ဂ ထံ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပြီး အဲဒါကို ဂျပန်က ထောက်ခံဖို့ ရည်ရွယ်ထားပါတယ်။

?bph6