စပါးနည္းျပ ပိုခ်က္တီႏို ႏွစ္ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံရ

0
137

ဒိုင္လူႀကီး မုိက္ဒိန္းအေပၚ ရန္လိုတဲ့အျပဳမႈေတြေၾကာင့္ စပါးအသင္းနည္းျပ ပိုခ်က္တီႏိုကို ႏွစ္ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္လုိက္တယ္လို႔ အက္ဖ္ေအက ဆုိပါတယ္။

နည္းျပပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့လက  ဘန္ေလနဲ႔ကစားတဲ့ ပရီးမီယားလိဂ္ပြဲစဥ္မွာ ဒိုင္လူႀကီးမုိက္ဒိန္းကို ဆုိးရြားတဲ့ပံုစံမ်ိဳးနဲ ႔ဆက္ဆံခဲ့တာေၾကာင့္ အက္ဖ္ေအက စြဲခ်က္တင္ကာ ျပစ္ဒဏ္ခ်မွတ္လုိက္တာ လည္းျဖစ္ပါတယ္။

စပါးနည္းျပပိုခ်က္တီႏိုဟာ ပြဲကစားေနခ်ိန္မွာသာမက  ပြဲအၿပီးကြင္းထဲက ထြက္လာခ်ိန္မွာလည္း ထိတိုက္ေတြဆံုဖုိ႔ ႀကိဳးပမ္းခဲ့တယ္လို႔ ကြင္းလယ္ဒုိင္လူႀကီးမုိက္ဒိန္းက ပြဲအၿပီးအစီရင္ခံစာမွာ ထည့္သြင္းေရးသားထားပါတယ္။ အက္ဖ္ေအရဲ႕ ျပစ္ဒဏ္အေပၚ  အံအားသင့္ရတယ္လို႔ ပိုခ်က္တီႏိုကတံု႔ျပန္ထားပါတယ္။ စပါးနည္းျပပိုခ်က္တီႏိုဟာ ပြဲပယ္ျပစ္ဒဏ္အျဖစ္ ေဆာက္သမ္တန္၊ လီဗာပူအသင္းတုိ႔ ကစားတဲ့ပြဲမွာ ကြင္းထဲ၀င္ေရာက္ခြင့္ရမွာမဟုတ္ဘူးလုိ႔ ၿဗိတိန္သတင္းေတြကေဖာ္ျပပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စပါးနည်းပြ ပိုချက်တီနို နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

ဒိုင်လူကြီး မိုက်ဒိန်းအပေါ် ရန်လိုတဲ့အပြုမှုတွေကြောင့် စပါးအသင်းနည်းပြ ပိုချက်တီနိုကို နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ အက်ဖ်အေက ဆိုပါတယ်။

နည်းပြပိုချက်တီနိုဟာ ပြီးခဲ့တဲ့လက  ဘန်လေနဲ့ကစားတဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာ ဒိုင်လူကြီးမိုက်ဒိန်းကို ဆိုးရွားတဲ့ပုံစံမျိုးနဲ ့ဆက်ဆံခဲ့တာကြောင့် အက်ဖ်အေက စွဲချက်တင်ကာ ပြစ်ဒဏ်ချမှတ်လိုက်တာ လည်းဖြစ်ပါတယ်။

စပါးနည်းပြပိုချက်တီနိုဟာ ပွဲကစားနေချိန်မှာသာမက  ပွဲအပြီးကွင်းထဲက ထွက်လာချိန်မှာလည်း ထိတိုက်တွေဆုံဖို့ ကြိုးပမ်းခဲ့တယ်လို့ ကွင်းလယ်ဒိုင်လူကြီးမိုက်ဒိန်းက ပွဲအပြီးအစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။ အက်ဖ်အေရဲ့ ပြစ်ဒဏ်အပေါ်  အံအားသင့်ရတယ်လို့ ပိုချက်တီနိုကတုံ့ပြန်ထားပါတယ်။ စပါးနည်းပြပိုချက်တီနိုဟာ ပွဲပယ်ပြစ်ဒဏ်အဖြစ် ဆောက်သမ်တန်၊ လီဗာပူအသင်းတို့ ကစားတဲ့ပွဲမှာ ကွင်းထဲဝင်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့ ဗြိတိန်သတင်းတွေကဖော်ပြပါတယ်။

?bph6