
0
111




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆင်နယ်တိုက်စစ်မှူး  လာကာဇက် ရင်းနစ်နဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲ ပြန်ပါမယ်

ပွဲပယ်ပြစ်ဒဏ်လျှော့ခံရတဲ့အတွက်  အာဆင်နယ်တိုက်စစ်မှူး လာကာဇက် ဟာ ဒီညကစားမယ့်   ရင်းနစ် နဲ့ ကစားမယ့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပြန်ပါဖွယ် ရှိနေပါတယ်။

ဖေဖော်ဝါရီလတုန်းက ကစားခဲ့တဲ့ ဘိုရီဇောနဲ့ပွဲစဉ်မှာ ထုတ်ပယ်ခံရတာကြောင့် လာကာဇက်ကို  ဥရောပေ ဘာလုံးအဖွဲ့ချုပ် က သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ အာဆင်နယ်အသင်းက လာကာဇက်ရဲ့ ပြစ်ဒဏ်ကို အယူခံဝင်ချိန်မှာ ဥရောပဘောလုံးအဖွဲ့ချုပ် က ပွဲပယ်ပြစ်ဒဏ်သုံးပွဲကို နှစ်ပွဲပယ်ပြစ်ဒဏ်သာ ပြောင်းလဲချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

လာကာဇက်ဟာ လက်ရှိမှာ နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံရထားတာကြောင့်  ရင်းနစ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ကို ပြန်ပါနိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

?bph6