
0
168




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနုပညာလောကက အနားယူလိုက်တဲ့ အဆိုတော် ဂျန်ဂျွန်ယမ်

တောင်ကိုရီးယားအဆိုတော်  ဂျန်ဂျွန်ယမ်ကို အပြာရုပ်သံဖိုင် ဖြန့်ဝေမှုနဲ့ပတ်သက်လို့ ရဲတွေက စုံစမ်းစစ်ဆေးနေ ချိန်မှာပဲ အနုပညာလောကကနေ  အနားယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ဂျန်ဂျွန်ယမ်ဟာ အပြာရုပ်သံဖိုင်တွေ၊ လိင်အသားအပေး ဓါတ်ပုံတွေကို ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်  ရဲတွေက စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယား Big Bang အဆိုတော်အဖွဲ့ က ဆွန်ရီကို စုံစမ်းစစ်ဆေးချိန်အတွင်း အဆိုတော် ဂျန်ဂျွန်ယမ် ရဲ့ အပြာရုပ်သံဖိုင် ဖြန့်ဝေတာတွေကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။

ဂျန်ဂျွန်ယမ်ဟာ  ဆွန်ရီဆီကို မိုလ်ဘိုင်းဖုန်း မက်ဆင့်ဂျာတဆင့် အပြာရုပ်သံဖိုင်တွေ ဖြန့်ဝေခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ဂျန်ဂျွန်ယမ်ဟာ တောင်ကိုရီးယားရုပ်သံအစီစဉ် ရိုက်ကူးဖို့အတွက် အမေရိကန် ကနေ တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက်ရှိချိန်မှာ စစ်ဆေးမေးမြန်းခံနေရတာ ဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။

?bph6