ဘိုးရင္း 737 Max   ေလယာဥ္ပ်ံသန္းတာ မရပ္ဆုိင္းဘူးလို႔ အေမရိကန္ဆုိ

0
341

အေမရိကန္ႏုိင္ငံအတြင္း ဘိုးရင္း 737 Max ေလယာဥ္ပ်ံသန္းတာ ရပ္ဆုိင္းဖုိ႔ လႊတ္ေတာ္အမတ္ေတြနဲ႔  အလုပ္သမားအစည္းအ႐ံုးေတြက ဖိအားေပးေပမယ့္ အဲဒီေလယာဥ္ေတြ ပ်ံသန္းမႈကို ရပ္ဆုိင္းသြားမွာ မဟုတ္ဘူးလုိ႔ အေမရိကန္ေလေၾကာင္း အာဏာပိုင္အဖြဲ႔က ေျပာပါတယ္။

အီသီယုိးပီးယားႏုိင္ငံမွာ မတ္ ၁၀ ရက္ေန႔က လူေပါင္း ၁၅၇ ဦးေသဆံုးေစခဲ့တဲ့ ဘိုးရင္း 737 Max ေလယာဥ္ပ်က္က်မႈ ျဖစ္ပြားခဲ့ေနာက္ ၿဗိတိန္၊ တရုတ္ ၊ ၾသစေၾတးလ် ႏုိင္ငံအပါ၀င္ ႏုိင္ငံအခ်ိဳ႕က ဘိုးရင္း 737 Max ေလယာဥ္ပ်ံသန္းတာ ရပ္ဆုိင္းခဲ့ပါတယ္။

ဘိုးရင္း 737 Max ေလယာဥ္ေတြဟာ ခရီးသည္ေတြအတြက္ ေဘးကင္းစိတ္ခ်ရမႈရွိတယ္ဆုိတဲ့ အတည္ျပဳခ်က္ထြက္ေပၚခ်ိန္အထိ ေလယာဥ္ပ်ံသန္းတာေတြကို ရပ္ဆုိင္းထားေစလုိတယ္လို႔ အေမရိကန္ အထက္လြတ္ေတာ္အမတ္  တက္ခ႐ုစ္ကေျပာပါတယ္။ အေမရိကန္ ေလေၾကာင္းအာဏာပိုင္ေတြကေတာ့ အဲဒီေလယာဥ္ေတြကိုလက္ရွိအခ်ိန္မွာ ရပ္ဆုိင္းဖို႔ တိက်ေသခ်ာတဲ့အေၾကာင္းအရင္းမရွိေသးဘူးလုိ႔ တံု႔ျပန္ထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုးရင်း 737 Max   လေယာဉ်ပျံသန်းတာ မရပ်ဆိုင်းဘူးလို့ အမေရိကန်ဆို

အမေရိကန်နိုင်ငံအတွင်း ဘိုးရင်း 737 Max လေယာဉ်ပျံသန်းတာ ရပ်ဆိုင်းဖို့ လွှတ်တော်အမတ်တွေနဲ့  အလုပ်သမားအစည်းအရုံးတွေက ဖိအားပေးပေမယ့် အဲဒီလေယာဉ်တွေ ပျံသန်းမှုကို ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ အမေရိကန်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ မတ် ၁၀ ရက်နေ့က လူပေါင်း ၁၅၇ ဦးသေဆုံးစေခဲ့တဲ့ ဘိုးရင်း 737 Max လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့နောက် ဗြိတိန်၊ တရုတ် ၊ သြစတြေးလျ နိုင်ငံအပါဝင် နိုင်ငံအချို့က ဘိုးရင်း 737 Max လေယာဉ်ပျံသန်းတာ ရပ်ဆိုင်းခဲ့ပါတယ်။

ဘိုးရင်း 737 Max လေယာဉ်တွေဟာ ခရီးသည်တွေအတွက် ဘေးကင်းစိတ်ချရမှုရှိတယ်ဆိုတဲ့ အတည်ပြုချက်ထွက်ပေါ်ချိန်အထိ လေယာဉ်ပျံသန်းတာတွေကို ရပ်ဆိုင်းထားစေလိုတယ်လို့ အမေရိကန် အထက်လွတ်တော်အမတ်  တက်ခရုစ်ကပြောပါတယ်။ အမေရိကန် လေကြောင်းအာဏာပိုင်တွေကတော့ အဲဒီလေယာဉ်တွေကိုလက်ရှိအချိန်မှာ ရပ်ဆိုင်းဖို့ တိကျသေချာတဲ့အကြောင်းအရင်းမရှိသေးဘူးလို့ တုံ့ပြန်ထားပါတယ်။