
0
241




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျန်းမာရေး ပြန်ကောင်းအောင် ဆုတောင်းပေးဖို့  ဂျက်စတင်ဘီဘာ တောင်းဆို

ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာက သူရဲ့ကျန်းမာရေးကို စိုးရိမ်မှုရှိနေပြီး ကျန်းမာရေးပြန်လည် ကောင်း မွန်အောင် ဆုတောင်းပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။

အဆိုတော် ဂျက်စတင်ဘီဘာရဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တာကြောင့်  ကုသနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဂျက်စတင်ဘီဘာဟာ ကျန်းမာရေးပြန်ကောင်းမွန်ဖို့ ရုန်းကန်နေရပြီး အရင်ပုံစံမျိုးအမြန်ဆုံးပြန်ရစေဖို့ လိုလား နေတယ်လို့ ဂျက်စတင်ဘီဘာရဲ့နီးစပ်သူတွေကပြောပါတယ်။ ဘုရားသခင်အပေါ်မှာ ယုံကြည်မှုရှိပြီး ကျန်းမာရေး ပြန်ကောင်းမွန်စေဖို့ ဘုရားသခင်ဆီဆုတောင်းပေးစေလိုတယ်လို့ ဂျက်စတင်ဘီဘာက လူမူကွန်ရက်ကတဆင့်တောင်းဆိုခဲ့ပါတယ်။

?bph6