
0
96




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူး စီရော်နယ်ဒို အသက် ၄၀ အရွယ်အထိ ဘောလုံးကစားနိုင်ဖွယ်ရှိ

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို ဟာ အသက် ၄၀ အရွယ်အထိ ဘောလုံးကစားနိုင်ဖွယ်ရှိတယ်လို့  စီရော်နယ်ဒို ရဲ့ မန်ချက်စတာယူနိုက်တက် ကစားဖော်ဟောင်း ရိုင်ယန်ဂစ်ကပြောပါတယ်။

စီရော်နယ်ဒိုဟာ လက်ရှိမှာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီး ဂျူဗင်တပ်အတွက် ခြေစွမ်းပြကစားနိုင်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းက  ရီးရဲမက်ဒရစ်ကနေ ဂျူဗင်တပ်အသင်းဆီ ယူရို ၁၁၂ သန်းနဲ့ပြောင်းရွှေခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ  ခြေစွမ်းပြကစားနိုင်ပေမယ့် အရင်နဲ့နှိုင်းယှဉ်ရင် ပြေးနှုန်းတွေ ကျဆင်းသွားတယ်လို့  အားကစားသတင်းဌာနတွေက သုံးသပ်ဖော်ပြပါတယ်။

?bph6