ဗင္နီဇြဲလားသမၼတကို ေထာက္ခံမႈေၾကာင့္ ႐ု႐ွားဘဏ္ကို  အေမရိကန္ ပိတ္ဆုိ႔မႈျပစ္ဒဏ္ခ်

0
351

ဗင္နီဇြဲလားသမၼတ နီကိုလပ္စ္ မာဒူရို အစိုးရကို ေထာက္ခံတာေၾကာင့္ ရုရွားႏိုင္ငံ ေမာ္စကို အေျခစိုက္ ဘဏ္တစ္ခုကို အေမရိကန္ အစိုးရက ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္တယ္လို႔ NHK သတင္းကဆုိပါတယ္။

အီဗ႐ိုဖင္းနန္႔ မုိစ့္နာဘဏ္ကို အေမရိကန္ရဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈစာရင္းမွာ ထည့္လိုက္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။ အဲဒီဘဏ္ဟာ ႐ုရွားနဲ႔ ဗင္နီဇြဲလား နိုင္ငံပိုင္ ကုမၸဏီေတြ ပူးတြဲ ပိုင္ဆိုင္တာျဖစ္ပါတယ္။

အဲဒီဘဏ္ဟာ ဗင္နီဇြဲလားရဲ႕ နိုင္ငံပိုင္ေရနံကုမၸဏီကို ေထာက္ပံ့မႈေပးေနတယ္လို႔ အေမရိကန္ဘ႑ာေရး ဝန္ႀကီးဌာနက ဆိုပါတယ္။ အခုဒဏ္ခတ္ပိတ္ဆို႔မႈေတြမွာ အဲဒီဘဏ္ရဲ့ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ပိုင္ဆိုင္မႈေတြကို ပိတ္သိမ္းတာလည္း ပါဝင္ပါတယ္။

႐ုရွားဟာ သူတို႔နဲ႔ခ်စ္ၾကည္ရင္းႏွီးမႈရွိတဲ့ မာဒူရို အစိုးရကို အကာအကြယ္ေပးဖို႔ လက္နက္ပမာဏ အေျမာက္အမ်ား ေပးအပ္ခဲ့တယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး ပြန္ပီအိုက ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်နီဇွဲလားသမ္မတကို ထောက်ခံမှုကြောင့် ရုရှားဘဏ်ကို  အမေရိကန် ပိတ်ဆို့မှုပြစ်ဒဏ်ချ

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို အစိုးရကို ထောက်ခံတာကြောင့် ရုရှားနိုင်ငံ မော်စကို အခြေစိုက် ဘဏ်တစ်ခုကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ NHK သတင်းကဆိုပါတယ်။

အီဗရိုဖင်းနန့် မိုစ့်နာဘဏ်ကို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်လိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီဘဏ်ဟာ ရုရှားနဲ့ ဗင်နီဇွဲလား နိုင်ငံပိုင် ကုမ္ပဏီတွေ ပူးတွဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။

အဲဒီဘဏ်ဟာ ဗင်နီဇွဲလားရဲ့ နိုင်ငံပိုင်ရေနံကုမ္ပဏီကို ထောက်ပံ့မှုပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အခုဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ အဲဒီဘဏ်ရဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းတာလည်း ပါဝင်ပါတယ်။

ရုရှားဟာ သူတို့နဲ့ချစ်ကြည်ရင်းနှီးမှုရှိတဲ့ မာဒူရို အစိုးရကို အကာအကွယ်ပေးဖို့ လက်နက်ပမာဏ အမြောက်အများ ပေးအပ်ခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုက ပြောပါတယ်။