
0
100




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနုပညာလောက က အနားယူလိုက်တဲ့ BIGBANG အဖွဲ့ဝင် ဆွန်ရီ

ကိုရီးယားပေါ့အဆိုတော် BIGBANG အဖွဲ့ဝင် ဆွန်ရီ က အနုပညာလောကကနေ အနားယူလိုက်တယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

အသက်(၂၉)နှစ်အရွယ်ဆွန်ရီ ဟာ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရချိန် အနုပညာလုပ်ငန်းတွေကို ရပ်တန့်လိုက်တဲ့အကြောင်းကို အင်စတာဂရမ်ကနေ ကြေညာလိုက်တာဖြစ်ပါတယ်။

လက်ရှိအငြင်းပွားမှုတွေဟာ ကြီးမားနေပြီး ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အတွက် အနုပညာလောကကနေ အနားယူလိုက်တာ အကောင်းဆုံးဖြစ်တယ်လို့  ဆွန်ရီကအင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ဆွန်ရီဟာ ၂၀၁၆ ခုနှစ်က ယူရီစီးပွားရေးလုပ်ငန်းစုကို တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီလုပ်ငန်းစုမှာ ရင်းနှီးမြှပ်နှံမယ့်သူတွေ ကို အပျော်မယ်တွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

?bph6