ပေရာ္ဖက္ရွင္နယ္ ပီသလြန္းတယ္လို႔ ခ်ီးက်ဴးခံရတဲ့ မင္းသားႀကီး ေခ်ာင္ယြန္ဖတ္

0
200

႐ုပ္ရွင္႐ိုက္ကူးရင္း ဒဏ္ရာရသြားေပမယ့္ ႐ိုက္ကြင္းမဖ်က္ဘဲ ဆက္လုပ္ခဲ့တဲ့ ေဟာင္ေကာင္ မင္းသားႀကီး  ေခ်ာင္ယြန္ဖတ္ရဲ႕ အျပဳမႈဟာ ပေရာ္ဖက္ရွင္နယ္ ပီသလြန္းတယ္လို႔ ပရိသတ္ေတြက ခ်ီးက်ဴးေျပာဆုိေနပါတယ္။ မင္းသား  ေခ်ာင္ယြန္ဖတ္ဟာ မင္းသား ကင္နီေဝါင္နဲ႔ ၿပီးခဲ့တဲ့ရက္ပုိင္းက ႐ုပ္ရွင္အတူ ႐ိုက္ကူးခ်ိန္ နဖူးမွာ ထိခုိက္ဒဏ္ရာ ရသြားခဲ့ပါတယ္။  

မင္းသားႀကီး  ေခ်ာင္ယြန္ဖတ္ဟာ ဒဏ္ရာရသြားခဲ့ၿပီးေနာက္ ပရိသတ္ေတြ စိုးရိမ္မႈမရွိေစဖုိ႔ လူျမင္ကြင္းကို ပထမဆံုးအႀကိမ္ ျပန္ထြက္လာခဲ့တယ္လို႔ ေအးရွားဝမ္း သတင္းဌာနက ေဖာ္ျပပါတယ္။ ေခ်ာင္ယြန္ဖတ္ ႐ုပ္ရွင္႐ိုက္ကူးၿပီးသြားခ်ိန္မွာ ဒဏ္ရာကို ေဆး႐ံုမွာ ႏွစ္နာရီၾကာ သြားေရာက္ကုသခဲ့ရပါတယ္။

ေခ်ာင္ယြန္ဖတ္ ဒဏ္ရာရသြားမႈအေပၚ ပရိသတ္ေတြ စိုးရိမ္ခဲ့ၿပီး လက္ရွိမွာေတာ့ ဒဏ္ရာက သက္သာလာၿပီ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပရော်ဖက်ရှင်နယ် ပီသလွန်းတယ်လို့ ချီးကျူးခံရတဲ့ မင်းသားကြီး ချောင်ယွန်ဖတ်

ရုပ်ရှင်ရိုက်ကူးရင်း ဒဏ်ရာရသွားပေမယ့် ရိုက်ကွင်းမဖျက်ဘဲ ဆက်လုပ်ခဲ့တဲ့ ဟောင်ကောင် မင်းသားကြီး  ချောင်ယွန်ဖတ်ရဲ့ အပြုမှုဟာ ပရော်ဖက်ရှင်နယ် ပီသလွန်းတယ်လို့ ပရိသတ်တွေက ချီးကျူးပြောဆိုနေပါတယ်။ မင်းသား  ချောင်ယွန်ဖတ်ဟာ မင်းသား ကင်နီဝေါင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်ရှင်အတူ ရိုက်ကူးချိန် နဖူးမှာ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။

မင်းသားကြီး  ချောင်ယွန်ဖတ်ဟာ ဒဏ်ရာရသွားခဲ့ပြီးနောက် ပရိသတ်တွေ စိုးရိမ်မှုမရှိစေဖို့ လူမြင်ကွင်းကို ပထမဆုံးအကြိမ် ပြန်ထွက်လာခဲ့တယ်လို့ အေးရှားဝမ်း သတင်းဌာနက ဖော်ပြပါတယ်။ ချောင်ယွန်ဖတ် ရုပ်ရှင်ရိုက်ကူးပြီးသွားချိန်မှာ ဒဏ်ရာကို ဆေးရုံမှာ နှစ်နာရီကြာ သွားရောက်ကုသခဲ့ရပါတယ်။

ချောင်ယွန်ဖတ် ဒဏ်ရာရသွားမှုအပေါ် ပရိသတ်တွေ စိုးရိမ်ခဲ့ပြီး လက်ရှိမှာတော့ ဒဏ်ရာက သက်သာလာပြီ ဖြစ်ပါတယ်။