မေလးရွားမွာ အၾကမ္းဖက္သမားေတြ စိမ့္ဝင္မႈ အျမင့္ဆံုး တပ္လွန္႔

0
249

မေလးရွားႏုိင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက အၾကမ္းဖက္သမားလုိ႔ သံသယရွိသူ ကိုးဦးကို ဖမ္းဆီးခဲ့ၿပီးေနာက္ ႏုိင္ငံအတြင္း ႏိုင္ငံျခား အၾကမ္းဖက္သမားေတြ စိမ့္ဝင္ေနမႈအတြက္ အျမင့္ဆံုး တပ္လွန္႔ထားပါတယ္။

ႏိုင္ငံထဲ စိမ့္၀င္ေနတဲ့ အၾကမ္းဖက္သမားေတြကို ၿဖိဳခြင္းႏိုင္ဖုိ႔ ႏုိင္ငံျခား ေထာက္လွမ္းေရးအဖြဲ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္တာေတြ ဆက္လက္လုပ္သြားမယ္လို႔ မေလးရွား ေထာက္လွမ္းေရး ရဲခ်ဳပ္  ဟာရမ္က ေျပာပါတယ္။ ဖမ္းဆီးခဲ့တဲ့ အၾကမ္းဖက္သမား ကိုးဦးထဲမွာ အီဂ်စ္ႏုိင္ငံသား ေျခာက္ဦး၊ တူနီရွားႏိုင္ငံသား တစ္ဦးပါဝင္ေၾကာင္း၊ အၾကမ္းဖက္သမားေတြကို ေဖေဖာ္ဝါရီ ၂ ရက္ကေန ေဖေဖာ္ဝါရီ ၉ ရက္အတြင္း ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း မေလးရွားရဲခ်ဳပ္ ဟာရမ္ကေျပာပါတယ္။

အဲဒီ အၾကမ္းဖက္သမားေတြထဲက ႏွစ္ဦးက ဆီးရီးယားခရီးသြား စာရြက္စာတမ္း အတုကိုင္ေဆာင္ကာ မေလးရွားႏုိင္ငံထဲကို ဝင္လာခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ႏိုင္ငံထဲကို ဝင္ေရာက္ေနတဲ့ ႏိုင္ငံျခားသား အၾကမ္းဖက္သမားေတြကို ဖမ္းဆီးႏုိင္ဖုိ႔ အရွိန္ျမွင့္ ႀကိဳးပမ္းေနတယ္လို႔  မေလးရွားရဲခ်ဳပ္က ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ အကြမ်းဖက်သမားတွေ စိမ့်ဝင်မှု အမြင့်ဆုံး တပ်လှန့်

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အကြမ်းဖက်သမားလို့ သံသယရှိသူ ကိုးဦးကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံအတွင်း နိုင်ငံခြား အကြမ်းဖက်သမားတွေ စိမ့်ဝင်နေမှုအတွက် အမြင့်ဆုံး တပ်လှန့်ထားပါတယ်။

နိုင်ငံထဲ စိမ့်ဝင်နေတဲ့ အကြမ်းဖက်သမားတွေကို ဖြိုခွင်းနိုင်ဖို့ နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လက်လုပ်သွားမယ်လို့ မလေးရှား ထောက်လှမ်းရေး ရဲချုပ်  ဟာရမ်က ပြောပါတယ်။ ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်သမား ကိုးဦးထဲမှာ အီဂျစ်နိုင်ငံသား ခြောက်ဦး၊ တူနီရှားနိုင်ငံသား တစ်ဦးပါဝင်ကြောင်း၊ အကြမ်းဖက်သမားတွေကို ဖေဖော်ဝါရီ ၂ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်အတွင်း ဖမ်းဆီးခဲ့တာဖြစ်ကြောင်း မလေးရှားရဲချုပ် ဟာရမ်ကပြောပါတယ်။

အဲဒီ အကြမ်းဖက်သမားတွေထဲက နှစ်ဦးက ဆီးရီးယားခရီးသွား စာရွက်စာတမ်း အတုကိုင်ဆောင်ကာ မလေးရှားနိုင်ငံထဲကို ဝင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံထဲကို ဝင်ရောက်နေတဲ့ နိုင်ငံခြားသား အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့  မလေးရှားရဲချုပ်က ပြောပါတယ်။