
0
342




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီသီယိုပီးယား ခရီးသည်တင် လေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံး

အီသီယိုပီးယား နိုင်ငံမှာ ခရီးသည်တင်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါသူ အားလုံး သေဆုံးဖွယ်ရှိနေကြောင်း နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အီသီယိုပီးယားနိုင်ငံ လေကြောင်းလိုင်းရဲ့ ဘိုရင်း ၇၃၇ အမျိုးအစား လေယာဉ်တစ်စီးဟာ  အီသီယိုပီးယားနိုင်ငံ မြို့တော် အက်ဒစ်အယ်ဘာဘာမြို့ကနေ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ဆီ ယမန်နေ့ကပျံသန်းချိန်မှာ ပျက်ကျသွားခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးသွားဖွယ် ရှိပါတယ်။

လေယာဉ်ဟာ အက်ဒစ်အယ်ဘာဘာမြို့ အနီးရှိ လေဆိပ်ကနေ ပျံတက်သွားပြီးနောက် မိနစ်ပိုင်းအကြာမှာ အဆက်အသွယ် ပြတ်တောက်ကာ  ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၅၇ ဦးပါဝင်ခဲ့ကြောင်း လကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို မသိသေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။