
0
545
Voters queue to cast their ballots at the '3.26 Pyongyang Cable Factory' during voting for the Supreme People's Assembly elections, in Pyongyang on March 10, 2019. - North Koreans went to the polls for an election in which there could be only one winner. Leader Kim Jong Un's ruling Workers' Party has an iron grip on the Democratic People's Republic of Korea, as the isolated, nuclear-armed country is officially known. (Photo by Ed JONES / AFP)/2019-03-10 16:37:19/


 



<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားမှာ နိုင်ငံ့ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲကျင်းပ

မြောက်ကိုရီးယားမှာ နိုင်ငံ့ဥပဒေပြု လွှတ်တော်အတွက် ရွေးကောက်ပွဲတစ်ရပ်ကို မနေ့ မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့တယ်လို့  ဂျပန် NHK သတင်းက ဖော်ပြပါတယ်။

အဖွဲ့ဝင် ၇၀ဝ နီးပါး ပါဝင်တဲ့ အဆင့်အမြင့်ဆုံး ပြည်သူ့လွှတ်တော်ဟာ ဘဏ္ဍာရေး၊ နိုင်ငံအဆင့် အဖွဲ့အစည်းတွေအတွက် ပုဂ္ဂိုလ်ရေးရာခန့်အပ်မှုနဲ့ တရားဥပဒေဆိုင်ရာ ပြင်ဆင်မှုတွေစတဲ့ အရေးကိစ္စတွေကို ဆုံးဖြတ်ချက်ချပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံ့ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ် ကျင်းပပါတယ်။

မြို့တော် ပြုံယမ်းက နည်းပညာကောလိပ် တစ်ခုမှာရှိတဲ့ မဲရုံမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် မဲထည့်နေတာကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြသခဲ့ပါတယ်။ နိုင်ငံ့စီးပွားရေး ပြန်လည်ရှင်သန်လာစေဖို့နဲ့ လူထုရဲ့ ဘဝတွေ တိုးတက်စေဖို့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို မြှင့်တင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အလုပ်သမားပါတီက ပြောပါတယ်။