စစ္မႈထမ္းေဆာင္ေတာ့မယ့္ BigBang အဖြဲ႔က  ဆြမ္ရီ

0
233

ေတာင္ကိုရီးယား အမ်ိဳးသားအဆုိေတာ္အဖြဲ႔ BigBang အဖြဲ႔က ဆြမ္ရီဟာ ဒီလကုန္ပိုင္းမွာ စစ္မႈထမ္းေတာ့မွာ ျဖစ္ပါတယ္။  

ဆြမ္ရီဟာ BigBang အဖြဲ႔ဝင္ေတြထဲမွာ ေနာက္ဆံုး စစ္မႈထမ္းသူျဖစ္လာၿပီး မတ္လ ၂၅ ရက္ေန႔မွာ စစ္မႈ စတင္ထမ္းေဆာင္မယ္လို႔ YG ေဖ်ာ္ေျဖေရးက ေျပာပါတယ္။ ဆြမ္ရီဟာ လိင္ပုိင္းဆုိင္ရာ မဖြယ္မရာလုပ္မႈ၊ မူးယစ္ေဆးဝါး သံုးစြဲမႈေတြနဲ႔ ပတ္သက္လို႔ စြပ္စြဲခံရကာ ရဲတပ္ဖြဲ႔ရဲ႕ စံုစမ္းေမးျမန္းတာေတြ ရင္ဆုိင္ေနရပါတယ္။

BigBang အဆိုေတာ္အဖြဲ႔မွာ အသက္အငယ္ဆံုး အဆုိေတာ္ျဖစ္တဲ့ ဆြန္ရီဟာ ရဲေတြရဲ႕ စစ္းေဆးခံရမႈေတြေၾကာင့္ ေဖ်ာ္ေျဖဖုိ႔ စီစဥ္ထားတဲ့ပြဲေတြကိုလည္း ဖ်က္သိမ္းခဲ့ရပါတယ္။ သူအေပၚ စြပ္စြဲမႈေတြက မွန္ကန္မႈ မရွိေၾကာင္း၊ ရဲေတြရဲ႕ စံုစမ္းစစ္ေဆးမႈေတြကို ပူးေပါင္းေဆာင္ရြက္ေပးမယ္လုိ႔ ဆြမ္ရီက ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်မှုထမ်းဆောင်တော့မယ့် BigBang အဖွဲ့က  ဆွမ်ရီ
တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BigBang အဖွဲ့က ဆွမ်ရီဟာ ဒီလကုန်ပိုင်းမှာ စစ်မှုထမ်းတော့မှာ ဖြစ်ပါတယ်။
ဆွမ်ရီဟာ BigBang အဖွဲ့ဝင်တွေထဲမှာ နောက်ဆုံး စစ်မှုထမ်းသူဖြစ်လာပြီး မတ်လ ၂၅ ရက်နေ့မှာ စစ်မှု စတင်ထမ်းဆောင်မယ်လို့ YG ဖျော်ဖြေရေးက ပြောပါတယ်။ ဆွမ်ရီဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရကာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းတာတွေ ရင်ဆိုင်နေရပါတယ်။
BigBang အဆိုတော်အဖွဲ့မှာ အသက်အငယ်ဆုံး အဆိုတော်ဖြစ်တဲ့ ဆွန်ရီဟာ ရဲတွေရဲ့ စစ်းဆေးခံရမှုတွေကြောင့် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ သူအပေါ် စွပ်စွဲမှုတွေက မှန်ကန်မှု မရှိကြောင်း၊ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ဆွမ်ရီက ပြောပါတယ်။
?bph6