ဘရွတ်ကလင်းတံတားပေါ်မှာ တရားမ၀င်တက်ရောက်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် ဖမ်းဆီးခံရ

ရုရှားကမ္ဘာလှည့်တစ်ဦးဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ ဘရွတ်ကလင်းတံတားပေါ်မှာ တရားမ၀င်တက်ရောက်ခဲ့သလို တံတားပေါ်မှာ ဓာတ်ပုံရိုက်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။

အသက်၂၄ နှစ်အရွယ် ရုရှားကမ္ဘာလှည့်ခရီးသည် ယာရိုဆလပ်ဗ်ကော်ချင်ဟာ ကေဘယ်ကြိုးကို ခါးမှာဝတ်ဆင်ကာ တက်ရောက်ခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ရဲ့ အချိန်မှီထိန်းသိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ယာရိုဆလပ်ဗ်ကော်ချင် ဟာရုရှားတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး ကြော်ငြာလုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းလုပ်ကိုင်နေသူဖြစ်ကာ သူငယ်ချင်းတွေနဲ့အတူ နယူးယော့ခ်မြို့ကို လာရောက်လည်ပတ်တာဖြစ် ပါတယ်။

နယူးယော့ခ်မြို့တော်ဝန်က “ကျွန်တော်တို့အုပ်ချုပ်တဲ့မြို့မှာ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကမ္ဘာ့လှည့်ခရီးသည်တွေ အနေနဲ့လိုက်နာရမှာဖြစ်ပါတယ်။ စည်းမျဉ်း ချိုးဖောက်သူတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်”လို့ဆိုပါတယ်။

ယခုနှစ် အစောပိုင်းကလည်း ဂျာမန်နိုင်ငံသားနှစ်ဦးက မြို့ရဲ့စည်းမျဉ်းစည်းကမ်အချို့ကို ချိုးဖောက်ခဲ့ မှုတွေဖြစ်ပွားခဲ့တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမယ်လို့လည်း သိရပါ တယ်။

 

adv_banner
adv_banner