နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် စကားဝိုင်း အစီအစဉ် MRTV က ထုတ်လွှင့်မယ်

0
242

ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၉:၃၅ အချိန် နိုင်ငံပိုင် ရုပ်/သံဌာန MRTV ကနေ အစိုးရသစ် ရက် ၁၀၀ အထူး အစီအစဉ်အနေနဲ့ MRTV နဲ့ MCN TV News တို့ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ မျက်မှောက်ရေးရာ သုံးသပ်စရာ (အပတ်စဉ် သတင်းသုံးသပ်ချက် အစီအစဉ်) ထုတ်လွှင့်ပေးဖို့ ရှိနေပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့ည ၉:၃၅ အချိန်နဲ့ အင်္ဂါနေ့ မနက် ၁၁:၃၅ အချိန်တွေမှာ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ အသိအမှတ်ပြုမှုတွေ ရှိဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတဲ့ အကြောင်းအရာအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမြအေးနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဦးတိတ်နိုင်တို့က ပါဝင် ဆွေးနွေးပေးကြပါတယ်။