မြန်မာအလုပ်သမားတွေ တောင်းဆိုမှုများလို့ဆိုပြီး ထိုင်းအလုပ်သမားဥပဒေတွေ တင်းကြပ်တော့မယ်

0
335

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေရဲ့တောင်းဆိုမှုတွေ ပိုမိုများပြာလာတဲ့ အတွက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက် လုပ်ကိုင်နေတဲ့နိုင်ငံခြားသား အလုပ်သမားတွေအပေါ်ဥပဒေတွေပို မိုတင်းကြပ်တော့မယ်လို့  ထိုင်းနိုင်ငံထုတ် prachachat.net သတင်းမှာ ဖော်ပြထားပါတယ်။

နားလည်မှုတွေနဲ့ လုပ်ပိုင်ခွင့်ပေးထားခဲ့ပြီး ထိုင်းအလုပ်သမားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ မြန်မာ အလုပ်သမားတွေက ဝင်ရောက်လုပ်ကိုင်ခဲ့ကြပြီး အခုအခါမှာတောင်း ဆိုမှုတွေ ပိုမိုများလာတယ်လို့ ဖော်ပြထားတာပါ။

ထိုင်းအစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ ဈေး၊ကုန်တိုက်၊ဓါတ်ဆီဆိုင်၊ကုမ္ပဏီစတဲ့ နေရာတွေမှာ အရောင်း ဝန်ထမ်း လုပ်ကိုင်နေတာတွေစတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေတာတွေ့ရင် သတင်းပေးပို့ကြဖို့နဲ့ အဲဒီလူတွေကို ပုဒ်မ(၅၄)အရ ထောင် ငါးနှစ်နဲ့ ဒဏ်ငွေ ဘတ်(၂၀၀၀၀)ကနေ ၁၀၀၀၀၀(တစ်သိန်း )အထိချမှတ်မှာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ ထိုင်းအစိုးရက ချမှတ်ပေထားတဲ့ အလုပ်ကြမ်း ၂၄ မျိုးကိုသာ နိုင်ငံခြားအလုပ်သမားတွေကို လုပ်ကိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။