ပြည်တွင်းငြိမ်းချမ်းရေးကတစ်ဆင့် မူးယစ်ဆေးဝါး ပြဿနာ လျော့ကျအောင် ပြုလုပ်သွားမယ်

0
196

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတစ်ဆင့် မူးယစ်ဆေးဝါးပြသနာတွေလည်း သိသာထင်ရှားစွာ လျော့ကျနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဦင်္းမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

ဇွန်လ၂၅ရက်နေ့က နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပခဲ့တဲ့ အပြည်ြ ပည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှု နဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။

နိုင်ငံတော်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံညီလာခံကို အောင်မြင်စွာနဲ့ ကျင်းပနိုင်ဖို့ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိနေပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေတိုးတက်အောင်မြင်မှုရလာတာနဲ့ အမျှမူးယစ်ဆေးဝါးထိန်းချုပ်မှုတွေလည်း ပိုမို အားကောင်းလာမှာဖြစ်တယ်လို့ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသွားခဲ့ပါတယ်။