လက်ဘနွန်နိုင်ငံမှာ အသေခံဗုံးပေါက်ခွဲမှုကြောင့် လူကိုးဦး သေဆုံး

0
317

လက်ဘနွန်နိုင်ငံအရှေ့ပိုင်း အန်ကွာရာမြို့က ရွာတရွာမှာ ဇွန်လ ၁၇ ရက် ဒီကနေ့က အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနက် ၄ နာရီခန့်က ဆီးရီးယားနိုင်ငံ နယ်စပ်နားက အဲဒီရွာမှာ အသေခံဗုံးခွဲသူ ၄ ဦးက ခရစ်ယာန်ဘာသာဝင်တွေကို ဦးတည် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ဘနွန် စစ်သား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အန်ကွာရာမြို့တော်ဝန်ကတော့ သေဆုံးသူအားလုံးက ပြည်သူတွေဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်လို့ မပြောပေမဲ့ အစ္စလာမ်းမစ် စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Lebanon သတင်းဌာနက တစ်ခုက တင်ပြသွားပါတယ်ရှင်။