မိုင်ဂျာယန်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်မယ်

0
264

၂၁ ရာစုပင်လုံညီလာခံ ကျင်းပချိန်မတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အပစ်မရပ်သေးတဲ့ ညီနောင်အဖွဲ့တွေနဲ့ အတူ ပူးပေါင်းတက်ရောက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holidy Inn Hotel မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်အဖွဲ့ EAO PPST ရဲ့ ဒုတိယအကြိမ်ညီလာခံမှာ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။

တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ ပါဝင်တက်ရောက်မယ့် အဲဒီဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နဲ့ ၁၃ ရက်တွေမှာ ကျင်းပသွားမယ်လို့ ယာယီသတ်မှတ်ထားကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောကြားပါတယ်။