ကျည်သင့်သေဆုံးသွားတဲ့ ကချင်လူမျိုး ဂွမ်ဆိုင်းအောင်ရဲ့ အမှုမှန်ပေါ်ပေါက်ရေး မန္တလေးတွင် ဆန္ဒပြ

0
271

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က တပ်မတော်သားတစ်ဦးရဲ့သေနတ်နဲ့ ကျည်သင့်သေဆုံးသွား ဂွမ်ဆိုင်းအောင် ရဲ့အမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့က မန္တလေးမှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ဗမာနိုင်ငံဆုံးဆိုင်ရာကျောင်းသားသမဂ္ဂကျောင်းသားများက မန္တလေးမြို့ ဈေးချိုအနီးမှာ ဦးဆောင်ပြုလုပ်တောင်းဆိုခဲ့တာဖြစ်ပြီး တရားမျှတတဲ့ ဥပဒေစိုးမိုးမှုပေါ်ပေါက်ရေးအတွက် တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကတော့ မောင်ဂွမ်ဆိုင်းအောင်ဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတစ်ဦးဆီက သေနတ်ကို ၀င်ရောက်လုယူဖို့ ကြိုးစားရင်း ကျည်သင့်သေဆုံးခဲ့တဲ့လို့ သတင်းထုတ်ပြန်ထားပါတယ်။