ချီလီကို ရှုံးနိမ့်ပြီးနောက် နိုင်ငံလက်ရွေးစင်အသင်းမှ မက်ဆီ အနားယူ

0
235

အာဂျင်တီးနားနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ချီလီအသင်းနဲ့ကစားတဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ပြီးနောက် သူရဲ့နိုင်ငံလက်ရွေးစင်အသင်းကစားသမားဘ၀ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

“ကျွန်တော့် နိုင်ငံလက်ရွေးစင်ဆိုတာပြီးဆုံးသွားပါပြီး။ ကျွန်တော်လုပ်နိုင်သလောက် လုပ်ပြီးသွားပါပြီ”လို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ၂၀၀၅ ခုနှစ်မှာစတင်ကစားခဲ့ပြီး ပွဲပေါင်း ၁၁၂ ပွဲကစားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ချီလီအသင်းနဲ့ ကိုပါအမေရိကဖလားပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပါတယ်။