စင်ကာပူလေယာဉ်တစ်စီး ပျံသန်းစဉ် အင်ဂျင်မီးလောင်မှုဖြစ်ပွားပြီး အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရ

0
198

အီတလီနိုင်ငံ မိုင်လန်းမြို့ကို ပြေးဆွဲနေတဲ့ စင်ကာပူ လေကြောင်းလိုင်း လီမိတက် SIA က လေယာဉ်တစ်စင်း ပျံသန်းနေစဉ်အတွင်း ညာဖက်အင်ဂျင် မီးလောင်မှုဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်အမှတ် SQ 368 လေယာဉ်ဟာ ဇွန်လ ၂၇ ရက် ဒီကနေ့ မနက် ၂ နာရီခန့်က မိုင်လန်းမြို့ကို စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ နှစ်နာရီလောက်ပျံသန်းပြီးတဲ့ နောက် လေယာဉ်မှူးက လေယာဉ်ရဲ့အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး စင်ကာပူလေဆိပ်ကို ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ဆင်းသက်ပြီးတဲ့နောက် အရေးပေါ်ဌာနက မီးကိုငြိမ်းသတ်ခဲ့ပါတယ်။ အဲဒီလေယာဉ်ထဲမှာ ခရီးသည် ၂၂၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၉ ဦးလိုက်ပါသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူး။