အငြင်းပွားဖွယ် ရိုဟင်ဂျာ ပြဿနာရပ်ကို လေးလေး နက်နက် ဆောင်ရွက်ဖို့ မြန်မာကို EU တိုက်တွန်း

0
259

မြန်မာအစိုးရသစ်အနေနဲ့ အငြင်းပွားဖွယ် ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး လေးလေးနက်နက်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး Roland Kobai က တိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုတောင်းဆိုလိုက်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စာလှယ်ကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံးဖို့ ဇွန်လ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ထိလွယ်ရှလွယ်တဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာအစိုးရသစ်ရဲ့ ကတိက၀တ်အာမခံချက်တွေနဲ့ ပတ်သက်လို့ EU အနေနဲ့ ကြိုဆိုကြောင်း ပြောကြားခဲ့သလို အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်းက အဖွဲ့အစည်းတွေရဲ့ စကားသံကို နားထောင်ဖို့နဲ့ သင့်တော်သလို ဆောင်ရွက်ပေးဖို့ Kobai က ပြောပါတယ်။ “ဝေါဟာရဆိုင်ရာ ပြဿနာရပ်က အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ ကျယ်ပြန့် နက်ရှိုင်းတဲ့ မူဝါဒတွေ ရှိတယ် ဒါပေမဲ့ ရခိုင်ပြည်နယ်ကအခြေအနေကလည် မြေပြင်ထိဆင်းပြီး အရေးတကြီး နဲ့ လေးလေးနက်နက် လုပ်ဆောင်ဖို့ လိုပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီးကပြောပါတယ်။

သူ့တို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုနေတဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ မြန်မာနိုင်ငံကို တရားမ၀င်ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေဟာ ၁.၁ သန်းရှိပါတယ်။ ပညာရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုတွေအပါအ၀င် ကဏ္ဍအသီးသီးမှာ ဖွံဖြိုးတိုးတက်ဖို့ EU အနေနဲ့ ယူရိုငွေ ၆၈၈ သန်း ကူညီပေးသွားမယ်လို့ ဆိုပါတယ်။