?bph6

Place your ads here!

မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အလင်္ကာကျော်စွာဆရာရွှေပြည်အေးရဲ့ရုပ်ထု ဖွင့်လှစ်

ဂီတစာဆို အလင်္ကာကျော်စွာရွှေပြည်အေးရဲ့ ရုပ်ထုဖွင့်ပွဲကို တာမွေမြို့မှာရှိတဲ့ ဂီတအစည်းအရုံးမှာ ဇွန်လ 11 ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဇွန်လ ၁၇ရက်နေ့မှာကျရောက်မယ့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံဂီတကောင်စီရဲ့ ပထမဆုံးဥက္ကဋ္ဌဖြစ်တဲ့ အလင်္ကာကျော်စွာဆရာရွှေပြည်အေးရဲ့ရုပ်ထုကို ဖွင့်လှစ်ခဲ့တာပါ။

ဒီရုပ်ထုဖွင့်ပွဲကိုတော့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က နာယက ဦးဗိုလ်ကလေးတင့်အောင်၊ ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်ကြီး၊ဒုတိယဥက္ကဋ္ဌ ဟေမာနေ၀င်း တို့နဲ့အတူ ဂီတမောင်နှမတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံဂီတအစည်းအရုံးရဲ့ သန္ဓေတည်ရာလို့ဆိုရမယ့် မြန်မာ့နိုင်ငံဂီတကောင်စီကို ၁၉၆၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး အလင်္ကာကျော်စွာရွှေပြည်အေးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တာပါ။

ဂီတအစည်အရုံးအနေနဲ့ ဆရာရွှေပြည်အေးရေးသားခဲ့တဲ့ အတိတ်ကတစ်နာရီ စာအုပ်ကို ဂီတအနုပညာ၇ှင်တွေရဲ့ ဆောင်းပါးတွေ၊ မှတ်တမ်းတွေနဲ့အတူ မှတ်တမ်းစာအုပ်တစ်အုပ်အဖြစ် ရေးသားထုတ်ဝေသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်မှာစံထားလောက်တဲ့ ဂီတအနုပညာရှင်တွေကို မြန်မာ့ဂီတသမိုင်းတစ်လျှောက် မပျောက်ပျက်စေရေးအတွက် ရုပ်ထု ထုလုပ်ခဲ့ခြင်းဖြစ်သလို နောင်နှစ်တွေမှာလည်း ဂီတစာဆိုကြီး ဆရာရွှေတိုင်ညွန့်၊အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း စတဲ့ ဂီတစာဆိုပညာရှင်တွေရဲ့ ရုပ်ထုတွေကို ထုလုပ်သွားမှာဖြစ်ပါတယ်။

အလင်္ကာကျော်စွာ ဆရာရွှေပြည်အေးကို ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၅ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့ကို ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံဂီတကောင်စီမှာနှစ်ကြိမ်တိတိ ဥက္ကဌတာဝန်ကိုထမ်းဆောင်ခဲ့ပြီး ၁၉၇၇ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

adv_banner