မြန်မာ့ဂီတနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အလင်္ကာကျော်စွာ ဆရာရွှေပြည်အေး ရုပ်ထုဖွင့်လှစ်

 

 

ဂီတဆရာကြီး အလင်္ကာကျော်စွာရွှေပြည်အေးရဲ့ ရုပ်ထုဖွင့်ပွဲကို တာမွေမြို့မှာရှိတဲ့ ဂီတအစည်းအရုံး(ဗဟို)မှာ ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

003 002 001

ဇွန်လ ၁၇ရက်နေ့မှာကျရောက်တဲ့ မြန်မာ့ဂီတနေ့ကို ဂုဏ်ပြုကြိုဆိုရင်း မြန်မာ့ဂီတအစည်းအရုံးဖြစ်ပေါ်လာရေးအတွက် စတင်အကောင်အထည်ဖော်ခဲ့တဲ့  မြန်မာနိုင်ငံဂီတကောင်စီ ပထမဆုံးဥက္ကဋ္ဌ အလင်္ကာကျော်စွာဆရာရွှေပြည်အေးရဲ့ရုပ်ထုကို ထုလုပ်ဖွင့်လှစ်ခဲ့တာပါ။

ဒီရုပ်ထုဖွင့်ပွဲကိုတော့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နာယက ဦးဗိုလ်ကလေးတင့်အောင်၊ ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်ကြီး၊ဒုတိယဥက္ကဋ္ဌ ဟေမာနေ၀င်း တို့နဲ့အတူ ဂီတမောင်နှမတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။

အလင်္ကာကျော်စွာဆရာရွှေပြည်အေးကို ၁၉၀၉ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၅ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့ကို ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံဂီတကောင်စီမှာ နှစ်ကြိမ်တိတိ ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့ပြီး ၁၉၇၇ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။