နိုင်ငံရေးသမားအား ဖမ်းဆီးရန်အသုံးပြုခဲ့သည့်ဥပဒေအား ရုပ်သိမ်းရန်အတည်ပြု

0
217

နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေကြမ်းကို မေလ ၉ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

10660238_994474660627350_7231295003161549094_n

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ( ၂၄ )ရက်မြောက်နေ့မှာ ဒီဥပဒေကို ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီမှတင်သွင်းတဲ့အတိုင်း အတည်ပြုခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဒီဥပဒေနဲ့ပတ်သက်လို့ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဘယ်သူကမှ ဆွေးနွေးခဲ့ခြင်းမရှိတာကြောင့် ပြင်ဆင်ချက်မရှိအတည်ပြုတာပါ။
ဒီဥပဒေဟာ သံသယရှိရုံနဲ့ လူတစ်ဦးတစ်ယောက်ဖမ်းဆီးထားခွင့်ရှိနေတာပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် ရုပ်သိမ်းတဲ့ဥပဒေကို ထောက်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

?bph6