မြန်မာကေဘယ်ရုပ်သံသတင်းဌာန အပတ်စဉ်ရုပ်သံမဂ္ဂဇင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် (စနေနေ့ညပိုင်း)

မြန်မာကေဘယ်လ်နက်ဝပ်ခ်(MCN) သတင်းဌာနကနေ စီစဉ်တင်ဆက်နေတဲ့ အပတ်စဉ် အွန်လိုင်းသတင်းရုပ်သံက ကြိုဆိုပါတယ်။ တစ်ပတ်အတွင်း ထူးခြားတဲ့ သတင်းတွေကို ပထမဆုံး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်မက ရီဝေမွန်ပါ။
# လက်ရှိ ဦးသိန်းစိန်အစိုးရကိုပဲ ရွေးချယ်သွားမယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်တဲ့ သတင်း
# ချင်းအမျိုးသား တပ်ဦးအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးတာဟာ နိုင်ငံရေးဆွေးနွေးပွဲ ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့သတင်း
# နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အကြောင်းအပြင် မဲပေးပုံအဆင့်ဆင့်ကို လေ့လာနိုင်ဖို့ မိုဘိုင်း Application MVoter 2015 ဖြန့်ဝေထားတဲ့သတင်း စတဲ့ သတင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်သံမှတ်တမ်း အစီအစဉ်ကိုလည်း ဆက်လက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

adv_banner