EU ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းရင် ဘယ်လို သက်ရောက်မှု ရှိမလဲ (အပိုင်း-၂)

0
125


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂ (EU) ကနေ မြန်မာနိုင်ငံအပေါ် ၂၀၁၃ ခုနှစ်ကမှ ပြန်လည်ခွင့် ပြုထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ရုပ်သိမ်းသင့်သလားဆိုတာ ပြန်လည် သုံးသပ်ဖို့အတွက် စိစစ်လေ့လာရေးအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီ စိစစ်လေ့လာရေးအဖွဲ့နဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတဲ့သူတွေဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးနော်အောင်တို့ကို MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်က ဆွေးနွေး တင်ဆက်ပေးထားပါတယ်။

?bph6