ရခိုင္ျပည္နယ္ အၾကမ္းဖက္တိုက္ခိုက္ခံရမႈ ႏွစ္ႏွစ္ျပည့္ခ်ိန္ ဘာေတြ လိုအပ္ေနလဲ

0
94

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း အၾကမ္းဖက္တိုက္ခိုက္ခံခဲ့ရမႈ (၂) ႏွစ္ျပည့္ခ်ိန္မွာ အဲဒီေဒသတြင္း ျပန္လည္ ထူေထာင္ေရး၊ ျပန္လည္ လက္ခံေရးနဲ႔ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးအပါအ၀င္ တရားဥပေဒစိုးမိုးေရးနဲ႔ အၾကမ္းဖက္၀ါဒ အျမစ္မတြယ္ေရးအတြက္ ဘာေတြ ေဆာင္ရြက္ဖို႔ လိုအပ္ေနမလဲဆိုတဲ့ အေၾကာင္း အရာေတြကို ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အဖြဲ႔၀င္တစ္ဦးျဖစ္ခဲ့သလို ဘာသာေပါင္းစံု ၿငိမ္းခ်မ္း ေရးအဖြဲ႔ရဲ႕ အစၥလာမ္ဘာသာကိုယ္စားျပဳ (အျမဳေတအဖြဲ႔၀င္) တစ္ဦးျဖစ္တဲ့ ဆရာ ဦးေအးလြင္၊ ရခိုင္အမ်ိဳးသားကြန္ရက္ ဥကၠ႒ျဖစ္သူ ကိုတင္ထူးေအာင္တို႔နဲ႔အတူ MCN သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ကိုအံ့ဘုန္းျမတ္တို႔က ေဆြးေႏြးထားၾကပါတယ္။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေမာင္ေတာေဒသမွာရွိတဲ့ လံုျခံဳေရးရဲကင္းစခန္း (၃) ခုကို ၂၀၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ၉ ရက္ေန႔မွာ အစြန္းေရာက္ အၾကမ္းဖက္သမားေတြက စတင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး အဲ့ဒီ တိုက္ခိုက္မႈဟာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္ေန႔မွာေတာ့ ၂ ႏွစ္ ျပည့္ေျမာက္ခဲ့တာပါ။ ဒီတိုက္ခိုက္မႈနဲ႔ တိုက္ခိုက္မႈအၿပီး လံုျခံဳေရး၀န္ထမ္းေတြနဲ႔ ေဒသခံေတြအပါအ၀င္ (၇၉) ေသဆံုးခဲ့ရၿပီး ဒုတိယအႀကိမ္ တိုက္ခိုက္မႈမွာေတာ့ (၈၆) ဦး ေသဆံုးခဲ့ရကာ လက္ရွိအေျခအေနအထိ အစြန္းေရာက္ အၾကမ္းဖက္သမားေတြရဲ႕ သတ္ျဖတ္မႈေတြေၾကာင့္ လံုျခံဳေရး၀န္ထမ္းေတြနဲ႔ ေဒသခံေတြအပါအ၀င္ စုစုေပါင္း ေသဆံုးသူ (၁၆၅) ဦး ရွိခဲ့ၿပီျဖစ္ပါတယ္။

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှု (၂) နှစ်ပြည့်ချိန်မှာ အဲဒီဒေသတွင်း ပြန်လည် ထူထောင်ရေး၊ ပြန်လည် လက်ခံရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအပါအဝင် တရားဥပဒေစိုးမိုးရေးနဲ့ အကြမ်းဖက်ဝါဒ အမြစ်မတွယ်ရေးအတွက် ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေမလဲဆိုတဲ့ အကြောင်း အရာတွေကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးအဖွဲ့ရဲ့ အစ္စလာမ်ဘာသာကိုယ်စားပြု (အမြုတေအဖွဲ့ဝင်) တစ်ဦးဖြစ်တဲ့ ဆရာ ဦးအေးလွင်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ကိုတင်ထူးအောင်တို့နဲ့အတူ MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့က ဆွေးနွေးထားကြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာရှိတဲ့ လုံခြုံရေးရဲကင်းစခန်း (၃) ခုကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီ တိုက်ခိုက်မှုဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ၂ နှစ် ပြည့်မြောက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုနဲ့ တိုက်ခိုက်မှုအပြီး လုံခြုံရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေအပါအဝင် (၇၉) သေဆုံးခဲ့ရပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ (၈၆) ဦး သေဆုံးခဲ့ရကာ လက်ရှိအခြေအနေအထိ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုတွေကြောင့် လုံခြုံရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေအပါအဝင် စုစုပေါင်း သေဆုံးသူ (၁၆၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

?bph6