ယောမင်းကြီးဇရပ် စကားဝိုင်းအပေါ် အမြင်ရှင်းစေချင်တယ် (ရုပ်/သံ)

0
247


ယောမင်းကြီးဇရပ် စကားဝိုင်းအပေါ် အမြင်ရှင်းစေချင်တယ်လို့ စကားဝိုင်းကို ဦးဆောင်စီစဉ် ကျင်းပတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မှုဝါဒလေ့လာရေးအင်စတီကျူ့ (ISP Myanmar) က ပြောကြားလိုက်ပါတယ်။ ယောမင်းကြီးဇရပ် စကားဝိုင်းဟာ အစိုးရကို အကြည်ညိုပျက်အောင် ရည်ရွယ်လုပ်ဆောင်နေတာလို့ ဝေဖန်မှုတွေရှိနေတဲ့အပေါ် MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်မှာ (ISP Myanmar) ရဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအစဉ်မှာတော့ မြန်မာ့မဟာဗျူဟာနှင့် မှုဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးမင်းဇင်း၊ ဒီအင်စတီကျုရဲ့ ဆက်ဆံ၊ ဆက်သွယ်ရေးဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းနဲ့အတူ MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်တို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားကြတာဖြစ်ပါတယ်။

?bph6